Part🍀 41 (U&Z)

12.4K 287 24
                                    

(Unicode)

ဖြူငယ်နိုးလာတော့ ကိုကြီးက ခေါင်းကိုလက်နဲ့ထောက်ပြီး နှုတ်ခမ်းထောင့်များအပေါ်သို့ကွေးညွှတ်တတ်သွားသည်အထိ ပြုံး၍ကြည့်နေသည်မို့ ဖြူငယ်မှာမျက်လုံးပင်ချက်ချင်ကျယ်လာရတော့သည်။ ယခုအနေအထားနှင့်ညကအဖြစ်ပျက်ကိုပြန်တွေးကြည့်မိလိုက်တော့ ရှက်စိတ်တွေချက်ချင်းဝင်လာရသည်မို့ စောင်နှင့်ကာလိုက်၍ ဖြူငယ်ပုန်းလိုက်တော့သည်။

"ကိုကြီး အဲ့လိုကြီးမကြည့်နဲ့လေ"

"ငယ်ကလဲ ကိုယ့်မိန်းမကိုကြည့်တာ ဘာဖြစ်လို့လဲကွ"

"ဟမ် ဘာမိန်းမလဲ ဖြူငယ်တို့ကလက်မှမထပ်ရသေးတာကို"

ဖြူငယ်စောင်ပုံထဲမှ မျက်နှာလေးရဲကာပြောလိုက်တော့သည်။

"ငယ့် ထပ်လက်ရအောင်လေနော် "

ခွန်းစောင်လေးကိုအတင်းဆွဲယူပြီးဆိုလိုက်တော့ မျက်နှာနုနုရဲရဲလေးက ချစ်စရာကောင်းစွာရဲ၍ရှိနေလေတော့သည်။

"ဟင့်အင်း "

"ဘာကိုလဲငယ်ရဲ့"

"ဖြူငယ်လက်မထပ်ချင်သေးဘူး ဖြူငယ့်ကိုအချိန်လေးပေးပါအုံးနော် "

"ငယ်ကလဲ ကိုကြီးတို့က ..."

ဆက်ပြီးကြားရမသည့်စကားကို ဖြူငယ်သိသည်မို့ ကိုကြီးနှုတ်ခမ်းကို ဖြူငယ့်လက်နှင့်အသာလေးလှမ်းပိတ်လိုက်မိသည်။

"အဲ့လိုကြီးမပြောနဲ့လေ ဖြူငယ့်အတွက်အချိန်လိုသေးတယ်ကိုကြီရဲ့"

"ငယ်ကလဲကွာ ကိုကြီးက မနက်ဖြန်လက်ထပ်တော့မလိုလေကွာ"

"ဟမ် "

"ဟုတယ် ဖေဖေနဲ့ မေမေကို ခဏနေဖုန်းဆက်တော့မလို့ "

"ကိုကြီးရယ် ဖြူငယ့်စကားနားထောင်ပါနော် စောင့်ပါအုံး..."

ငယ်ကမျက်စိမျက်နှာပျက်စွာပြောလာသည့်အခါ ခွန်းမယုံကြည်နိုင်​ဖြစ်ရသည်။ ကိုယ့်ကိုလက်ထပ်ဖို့ထိရည်ရွယ်ပြီးမှ ငယ်ရဲ့ပထမဆုံးအကြိမ်ကိုပေးခဲ့တာမဟုတ်လားငယ်ရယ်။

"နော် ..ဖြူငယ့်ကိုစောင့်ပေးပါအုံး"

"အင်း မကြာရဘူးနော် ကိုကြီးကမြန်မြန်ယူချင်နေပြီကွ"

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now