Part🍀 15 (U&Z)

12.5K 303 10
                                    

ခွန်းရဲ့နှောင်ကြိုးငယ်🍀🍀 အပိုင်း - ၁၅
(Unicode)

"ဟိတ် ဆက်ပြောလေ အဲ့လိုချန်ခဲ့လို့မရဘူး"

ဖြူငယ်ထမည်လုပ်တော့ လက်ကိုဆွဲထားကာ အိပ်နေရာမှထထိုင်လိုက်သည့်ကိုကြီးကြောင့် ဖြူငယ် အနည်းငယ်တော့နေရခက်နေ၏။

"ဟမ် ကိုကြီးဘယ်အချိန်ထဲကနိုးနေတာလဲ.."

"အင်း စောင်ခြုံပေးထဲကပဲဆိုပါတော့ ..."

အစထဲကနိုးနေရက်နဲ့ကိုကြီးကလဲ။ ဖြူငယ်ရယ် သွားကလိတာတွေတော့ လူမိပါပြီ။

"အင်း..နိုးနေရက်နဲ့ဘာလို့မထတာလဲပြောကိုကြီးက"

"ကိုကြီးက အိပ်နေတာလေ ငယ်လာလို့နိုးသွားတာအခုက"

"အာ့ဆိုထတော့ "

မျက်နှာအောက်ငုံးပြီး ပါးတေရဲနေပုံထောက်လျှင် သေချာပါသည်။ ရှက်နေပြီဖြစ်သည်။

"ဟိတ် အဲ့လိုသွားလို့မရဘူးလေ ဆက်ပြောရမယ်လာခဲ့"

ထပြီးပြေးမယ်ကြံနေသည့်ခလေးမကိုလက်လှမ်းဆွဲထားလိုက်တော့ ကိုယ်လေးဟန်ချက်ပျက်စွာ ဆိုဖာပေါ်ထိုင်ရက်သားလေးကျလာ၏။ ခန္ဓာကိုယ်အိအိလေးဟာလဲ ခွန်းရင်ခွင်ထဲအခန့်သားကျလာသည့်အခါ အလိုက်သင့်လေးဖက်ထားလိုက်၏။

အားကြီးနဲ့ဆွဲတော့ ထိုင်နေသည့်​ကိုကြီးရင်ခွင်ထဲရောက်သွားရောလေတော့သည်။ အဲ့လိုတွေအနေနီးလျှင် ရင်တုန်ပါတတ်ပါသည်ဆိုမှ ဖက်ထားရက်လေးဖြစ်သွားရသည်ကြောင့် ချက်ချင်းထ၍ ဘေးတွင်ထိုင်လိုက်ပြီး ကိုကြီးမျက်နှာကိုသေချာကြည့်၍

"ပြောစေချင်လား..."

"အင်း"

"ယောက်ကျားပီသတယ်လို့ပြောမလို့ ..."

ဒါလေးပဲကို ဖြူငယ့်အတွက်ခက်ခဲတာမှတ်လို့။

"ဒါပဲလား"

"ဒါပဲလေ ပြီးပြီလေ ထမင်းစားမယ်လို့ ထ ..."

အော် ရင်ခုန်ဖို့လေးတောင်အချိန်မပေးပါလားကွာ။ ဗိုက်ဆာနေပြီဆိုတော့လဲ ကြည်နူးချိန်လေးတောင်မရလိုက် အမြန်ပင်ထကာ မျက်နှာသစ်လိုက်ရတော့သည်။
ထမင်းစားရင်းဒီနေ့ပိတ်ရက်ဖြစ်လို့ အိမ်ပြန်မှာလားမေးမိတော့ မပြန်ဘူးတဲ့လေ ကိုယ့်ခလေးမက။

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now