Part🍀 39 (U&Z)

10.7K 269 13
                                    

(Unicode)

"ငယ့် စိတ်မဆိုးနဲ့လေကွာ "

"ကိုကြီးကလဲ လူလာရင်တော့လွှတ်ပေးအုံးမှပေါ့"

"ကိုကြီးအခန်းလေဒါက သူကဘာလို့တံခါးမခေါက်ပဲဝင်လာလဲ သူ့အမှားလေငယ်ရဲ့"

"ကိုကြီးကိုပြောမရပါလား ဒီတိုင်းကြီးတွေးနေရင်လဲနောက်မနမ်းတော့နဲ့"

"အဲ့လိုတေ့ာမလုပ်နဲ့လေငယ်ကလဲ "

"မသိဘူး "

လက်လေးပိုက်ကာ စိတ်ဆိုးနေသည့်ငယ်က မျက်နှာလေးပါတည်နေလေသည်။

"ကိုကြီးကိုချစ်တယ်ဆို"

"အဲ့တာဖြူငယ့်စကားလုံးကြီးလေ"

"ငယ်ကအဖြေပေးတုန်းကပဲချစ်တယ်ပြောတာ နောက်ပိုင်းချစ်တယ်လို့လဲမပြောဘူး ကိုကြီးက ကြားချင်တာပေါ့ကွ"

စိတ်ဆိုးနေသည့်လူကို လက်ကိုလာကိုင်ပြီးပြောနေသည့်ကိုကြီးက ချွဲနေသယောင်ပင်ဖြစ်သည်။

"အင်း "

"ဘာကိုလဲငယ်ရဲ့"

"ကိုကြီးအစောနပြောတာလေ"

မျက်နှာလေးရဲ၍ ပြောလာသည့်ငယ့်ကိုညစ်ချင်လာရသည်။

"ချစ်တယ်လို့ပြောလေ ဘာကိုအင်းလဲ"

"ရှက်လို့ပါဆိုမှပဲ "

"ငယ်ကလဲဒါလေးပြောတာကိုဘာလို့ရှက်တာလဲ လွယ်လွယ်လေး ချစ်တယ် ဒါလေးပဲလေ"

"ဆားရားငယ် အိုက်နီကိုကြီး ချစ်တယ် အာဘွားမွမွ..."

ငယ်က သူသိသည့်စကားလုံးမျိုးစုံသုံးပြီး ချစ်တယ်လို့ပြောကာ ခွန်း၏ပါးနှစ်ဖက်ကိုလဲ နမ်းသွားသေးသည်ကြောင့် ခွန်းမှာ ညီတန်းနေသည့်သွားတွေပေါ်သည်ထိရယ်ပြုံးနေမိတော့သည်။

"အား.. ရှက်လိုက်တာ "

ပြောခိုင်းတာ ချစ်တယ်တစ်ခုထဲကိုမျိုးစုံသုံးပြီး အာဘွားပါပေးလိုက်တော့ကြောင်ကြောင်ကြီးနှင့်ရယ်နေသည့်ကိုကြီးကြောင့် ဖြူငယ့်မှာရှက်သွားပြီး ဆိုထာပေါ်မျက်နှာအပ်ထားမိလိုက်သည်။ ထို့နောက် ကိုကြီးက ဖြူငယ့်ကိုဆွဲဖက်လိုက်သည်ကြောင့် ကိုကြီးရင်ခွင်ထဲ ဖြူငယ့်မျက်နှာလေးဖွက်ထားပစ်လိုက်သည်။

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now