Part🍀 31 (U&Z)

10.3K 308 20
                                    

ခွန်းရဲ့နှောင်ကြိုးငယ် အပိုင်း🍀 - ၃၁
(Unicode)

"ကိုကြီး ဖြူငယ်ဗိုက်ဆာတယ်"

"ငယ် ဘာမှမစားရသေးဘူးလား"

"အင်း "

ခွန်းအလိုမကျတော့ပေ။ နေ့လည်တောင်ရောက်တော့မယ်လေကွာ ဒါကိုဘာမှမစားရသေးဘူးတဲ့လားငယ်ရာ။ စိတ်ပူမှုတွေနှင့်ပိန်သွားသည့်ငယ့်ကိုကြည့်၍ ခွန်းစိတ်မကောင်းပေ။

"ခဏလေးနော် ကိုကြီးမှာပေးမယ်"

"ဟုတ်"

မှာပေးထားတဲ့ ကြက်ကြော်နှင့်အအေးရောက်လာသည့်အခါ  စားနေပြီဖြစ်တဲ့ငယ့်ကို ဘာဖြစ်လာလဲဆိုတာချော့မေးမှရမယ်။ ဒါ့ကြောင့်ငယ့်အနားပိုတိုးကပ်၍ထိုင်လိုက်တော့သည်။

"ငယ့် "

"ဝွန်း..."

ပါးစပ်အပြည့်ကြက်ကြော်တွေဝါး၍ငယ်ကဖြေလာလေသည်။

"ငယ်ဘာဖြစ်လို့ ကိုကြီးက ငယ့်ကိုမချစ်တော့ဘူးလို့တွေးလိုက်တာလဲ"

ခွန်းမေးလိုက်တော့ ငယ်က ပါးစပ်ထဲမှ ကြက်ကြော်ကိုအတင်းဝါး၍မျိုချလိုက်လေသည်။ Tissue တွေနှင့်သေချာသုတ်ကာ အအေးလေးပါသောက်လိုက်သည့်ငယ်က ခွန်းဘက်သို့လှည့်လာလေတော့သည်။ သူမလေးပြောဖို့အဆင်သင့်ဖြစ်ပါပြီပေါ့လေ။

"ဖြူငယ်ပြောဖူးပါတယ် ဖြူငယ်ကအဆုံးစွန်ထိတွေးတတ်တယ်လို့"

"အင်း"

"ကိုကြီးကိုအိမ်မှာစောင့်နေပေမယ့် မျက်နှာလေးတောင်မမြင်လိုက်ရဘူးလေ နောက်နေ့တွေလဲပြန်မလာဘူးလေ"

"အင်း"

"အဲ့တာနဲ့ ဖြူငယ်လိုက်လာတော့ အဲ့မိန်းမကြီးက ပြောတယ် "

"ဘာပြောလဲသူက"

"ကိုကြီးက လူရှုပ်တဲ့ ပြီးတော့ စားဘဲကြီးတဲ့"

"ဟမ်.."

"ဖြူငယ့်ကိုတစ်နေ့ကျရင် ထားသွားမှာတဲ့ ပြီးတော့ သူဒီလောက်လှတာတောင်ထားသွားတာတဲ့ ဖြူငယ့်ကိုဆို ပြောမနေနဲ့တဲ့လေ..."

"သူကအဲ့လိုပဲပြောတာလား"

"အင်း"

"ကိုကြီးအရင်က ရည်းစားများခဲ့ပေမယ့် ငယ့်ကိုပဲချစ်တာ ငယ့်တစ်ယောက်ထဲ"

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now