Part🍀 9 (U&Z)

12.6K 327 16
                                    

ခွန်းရဲ့နှောင်ကြိုးငယ်🍀🍀 အပိုင်း - ၉
(Unicode)

ငိုထားသောအရှိန်ကြောင့် မို့အစ်နေသောမျက်လုံးများက မဖွင့်ချင်ဖွင့်ချင်ဖြင့်အားယူဖွင့်ကာထ၍ အခန်းထဲမှထွက်ခဲ့လိုက်သည်။ ရေသောက်ချင်နေသည်ကြောင့် မီးဖိုခန်းဘက်ကစားပွဲပေါ်ရှိ ရေကရားလေးထဲမှရေတွေထည့်ကာ ဖြူငယ်မော့သောက်လိုက်တော့သည်။

"ငယ်နိုးပြီလား "

ကိုကြီးအသံဘာလို့ကြားနေရတာလဲ
သောက်လက်စရေခွက်ကို ချပြီး ဘေးကိုကြည့်မိတော့ မုန့်တွေပြင်နေသည့်ကိုကြီးကို ချောမောစွာတွေ့ရလေတော့သည်။

"အမ်...ကိုကြီး ဘယ်လိုရောက်နေတာလဲ "

"ဟောဗျာ ငယ်က ကိုကြီးအခန်းမှာလေ "

မျက်လုံးလေးအပေါ်မော့ပြီးခဏတွေးနေရာမှ ညကငိုထားသည့်အဖြစ် မှတ်မိလို့ ကိုယ့်ကိုပြန်ငုံ့ကြည့်မိတော့ ဝတ်ထားသည့်ဂါဝန်ကလည်စီးဖြစ်၍ ကြိုးပြေနေပြီး ပခုံးတစ်ဖက်ကပေါ်နေသည်ကိုမြင်ရလေတော့သည်။ ကိုယ့်အကိုလိုသဘောထားသည့်ဖြူငယ့်အတွက် ဒီပုံစံကမရိုသေရာကျသည်မို့လား။ သေစမ်းဖြူငယ်ရယ် ညကညဝတ်အင်းကျီဘာလို့ မလဲတာလဲဟုကိုယ့်ကိုအပြစ်တင်၍ ဖြူငယ်အခန်းထဲသို့ပြေးဝင်လာခဲ့လိုက်တော့သည်။

ပြောလိုက်သည်နှင့်အခန်းထဲပြေးဝင်သွားသည့်ကို ခွန်းရယ်ပြီး ကြည့်နေမိသည်။ ပခုံးလေးပဲပေါ်သည်ကိုအတင်းဆွဲတင်ပြီး ​ပြေးသွားသည်မို့ ကိုယ့်ခလေးမအတော်လေးရှက်တတ်မှန်း ခွန်းမှန်းဆမိပါသည်။

"ကိုကြီး ဖြူငယ့်အခန်းသော့တွေ့မိသေးလား "

"အင်း စာအုပ်စင်ပေါ်မှာ "

"လာယူပေး "

"ကိုကြီးမအားသေးဘူးလေ ကိုယ့်ဘာသာယူပါလားကွ "

မမှီသည့်နေရာကိုသွားထားသည့်ကိုကြီးကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်။ ခုံလေးယူ၍တတ်ယူနေသည်ကို နောက်ကနေဖြူငယ့်ခါးကနေပွေ့မပြီး အောက်ချပေးလာသည့်ကိုကြီးကြောင့် ဖြူငယ်မျက်နှာလေးရဲပြီးရှက်သွားရသည်။

"ကိုကြီးစောနက ဘာလုပ်တာလဲလို့ "

"ပြုတ်ကျမှာဆိုးလို့ကူညီတာလေ မကူညီရဘူးလားပြော "

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now