Part🍀 23 (U&Z)

12.9K 293 10
                                    

ခွန်းရဲ့နှောင်ကြိုးငယ်❤ အပိုင်း -၂၃
(Unicode)

"အေး ကိုကြီးထပ်နမ်းမှာနော် အဲ့လိုလုပ်နေ"

"အနိုင်ကျင့်ပြန်ပြီတွေ့လား
ပြန်တောမှာ မလိုက်တော့ဘူး ...."

အလိုမကျစွာပြောပြီး ကားပေါ်ကဆင်းမည်လုပ်နေသည့် ​ငယ့်ကို လက်လှမ်းဆွဲလိုက်တော့ ခွန်းရင်ခွင်ထဲအိကျလာလေသည်။

"အင်း ...ထပ်နမ်းချင်အောင်လုပ်ပြန်ပြီ..."

ထပ်ပြီး ငယ့်လက်ကိုချုပ်ကိုင်၍ လက်တစ်ဖက်က ငယ့်လည်တိုင်ဖွေးဖွေးလေးထက်နေရာယူလိုက်သည်။ အကိုက်ခံထားရလို့
နဲနဲပေါက်ရာလေးဖြစ်နေသည့်နုတ်ခမ်းလေးကိုကြည့်၍ အထက်နှုတ်ခမ်းလေးကို စုတ်ယူလိုက်ပြီး အောက်နှုတ်ခမ်းလေးကို ထပ်မံစုတ်ယူ၍ ကိုက်ချလိုက်သည်။ တဂယ်ပါ ငယ့်နှုတ်ခမ်းလေးကချိုအီနေပြီ အမြဲပဲ နမ်းနေချင်သည်အထိဖြစ်ရသည်။ အထက်အောက်မျှပြီး စုပ်ယူနမ်းရှိုက်လိုက်တော့ ခန္ဓာကိုယ်လေးပါ လွန့်လွန့်တွေလူးနေသည့်ငယ်ဟာ အသက်ရူကြပ်၍ဖြစ်မည်။

ဖြူငယ်ရယ် အစထဲက ရပ်လိုက်ရမှာ အမှတ်မရှိစိတ်ကောက်လိုက်တော့ ထပ်အနမ်းခံရပြီမို့လား။ ကိုကြီးရဲ့ အနမ်းကြမ်းကြမ်းတွေကို ဖြူငယ့်မှာမနည်းခံယူနေရပြီး ထပ်အကိုက်ခံလိုက်ရတဲ့အောက်နှုတ်ခမ်းလေးကြောင့် ဖြူငယ်အသံလေးများထွက်လာရသည်။ အသက်ရူကျပ်လာပြီးမောဟိုက်လာသော်လည်း ကိုကြီးက မလွှတ်ပေးသေး ဘယ်အချိန်ထိနမ်းနေမှာလဲကိုကြီးရယ်။

အကြာကြီးနမ်းပြီးမှ သတိရသည်က ငယ်မောလာပြီထင်၍ လွှတ်ပေးလိုက်တော့ ရင်ဘက်လေးနိမ့်ချည်မြင့်ချည်နှင့် ခေါင်းကို အောက်ကိုငုံ့ထားပြီး အမောဖြေနေလေသည်။ ကိုင်ထားသည့်လက်ကိုတော့မလွှတ်သေးပဲ ငယ့်ပုံစံလေးကိုကြည့်နေမိသည့်ခွန်းမှာ အောင်နိုင်သူအပြုံးနှင့်ဖြစ်လေသည်။ ငယ်က တဂယ်ချစ်စရာကောင်းတာပါဆိုကွာ ပါးလေးတွေနီရဲနေပြီး ကိုက်ခံထားရလို့ နှုတ်ခမ်းလေးမှာ သွေးတွေစို့နေပေမယ့် နှုတ်ခမ်းလေးကတဂယ်ဖူးဖူးလေးနဲ့ အူယားစရာလေးပါကွာ။ 

"ကိုကြီး ဘာလို့အဲ့လိုကြီးကြည့်နေတာလဲ "

"ငယ် ချစ်စရာကောင်းနေလို့"

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now