ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း- ၃၄
(Unicode)ခွန်းအိပ်နေသည့်ငယ့်ကိုကြည့်မိတော့ မိုးလင်းနေပြီတောင် အိမ်မက်တွေမက်နေတယ်ထင်ပါသည် နှုတ်ခမ်းလေးကိုဆူလို့ အိမ်မက်ထဲမှာ စိတ်များကောက်နေသည်ဖြစ်မည်။ မနေနိုင်သည့်အဆုံး ကိုယ်လေးကိုင်းညွှတ်၍ နှုတ်ခမ်းဖူးဖူးလေးကို ဖိနမ်းလိုက်တော့အိပ်ရေးပုတ်လေးငယ်က နိုးလာပြီဖြစ်သည်။
ဖြူငယ်အိပ်နေတာကို နှုတ်ခမ်းပေါ်ကျရောက်လာတဲ့ အေးမြတဲ့အထိတွေ့ကြောင့် မျက်လုံးလေးအားယူဖွင့်လိုက်တော့ ကိုကြီးရဲ့ ကြည်လင်နေသည့် မျက်နှာကို ပြုံးလျှက်လေးတွေ့လိုက်ရသည်။
"ဟမ် ကိုကြီးဘယ်လိုဝင်လာတာလဲဖြူငယ့်အခန်းထဲ"
"ဟောဗျာ ကိုကြီးအခန်းလေဒါက"
မျက်လုံးလေးဝေ့ဝိုက်ပြီးကြည့်ပြီး ကိုကြီးကို ပြန်ကြည့်လိုက်တော့ အပေါ်ပိုင်း ဗလာကျင်းနှင့်ဖြစ်နေလေသည်။
"ဟင် ...ကိုကြီး အင်းကျီလဲမပါဘူး"
"ဝတ်မလို့ပဲအခု ငယ်ကနိုးလာတာလေ"
အင်းကျီမပါလို့တဲ့ဗျာ စောင်ကို ခေါင်းမီးခြုံပြီးအော်နေတဲ့ငယ့်ကြောင့် ရယ်ချင်စိတ်ကိုထိန်းနေရသည်။
"ကိုကြီး အင်းကျီဘာလို့မပါတာလဲ"
"ငယ်ဘယ်လိုထင်လဲ"
"ဘာကြီးကိုတုန်း "
"ငယ်က ကိုကြီးအခန်းမှာအိပ်တာလေညက အခု ကိုကြီးက အင်းကျီမပါဘူးဆိုတော့...."
"ဟင် "
မျက်နှာလေးထွက်လာပြီး သူ့ကိုယ်သူပြန်ကြည့်နေသည့်ငယ်က တဂယ်ခလေးပေါက်စလေးလိုဖြစ်နေလေသည်။
"ဒါမယ့် ဖြူငယ့်မှာအင်းကျီပါတယ်လေ"
"ကိုကြီးဝတ်ပေးထားတာဆိုရင်ရော"
ကိုကြီးက တဂယ်ကြီးပြောနေသည်ကြောင့် ဖြူငယ်ထင်တာမှန်နေပြီလားဟုထင်လိုက်၏။ တစ်ဆက်တည်းဝမ်းလဲနည်းလာရသည်။
"အီး သူများကိုဘာတွေလုပ်လိုက်တာလဲ
ကိုကြီးကအကျင့်မကောင်းဘူး သူများကိုမတော်မတရားကျင့်နေတယ် အီး..."
YOU ARE READING
ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)
Romanceအချစ်ဆိုတာဘာမှန်းမသိလို့ ကိုကြီးကိုချစ်တယ်ဆိုတာ မသိတဲ့ငယ့်ကို ကိုကြီးအချစ်တေနဲ့အုပ်မိုးပြီး သိလာအောင်လမ်းပြပေးမှာပါငယ်ရယ်....