Part🍀 36 (U&Z)

9.5K 262 12
                                    

ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း -၃၆
(Unicode)

ငယ်နိုးမလာတာ နှစ်ရက်ရှိပြီဖြစ်သလို ခွန်းရင်ပူနေရသည်လဲ နှစ်ရက်လုံးသာဖြစ်သည်။ ။ ငယ်ဘာလို့ နိုးမလာသေးတာလဲကွာ ဆရာဝန်ပြောတော့ သတိရလာမယ်ပြောပြီး အခုထိနိုးမလာ၍ ခွန်းစိတ်ကမကြည် နေ၍ထိုင်၍လဲမရနှင့်ရှိနေရသည်။

"သား အိမ်ပြန်ပါအုံးကွယ် နားလိုက်ပါအုံး"

"မပြန်တော့ဘူးမေမေ သားမရှိတုန်း ငယ်နိုးလာရင် သားကိုရှာနေလိမ့်မယ်"

"မေမေရှိနေတယ်လေကွယ် မေမေပြောပေးမှာပေါ့ "

"သားဒီမှာပဲနေမယ်
ငယ့်ဘေးကနေ ဘယ်မှမသွားဘူး"

ခေါင်းမာလိုက်တဲ့သားပါလားကွယ်။

"ခွန်းရာ ပြန်နားလိုက်စမ်းပါ ငါတို့လဲလူလဲပြီးစောင့်ပေးမယ် မင်းစိတ်ချ"

"ငါမပြန်ဘူးဆို မပြန်ဘူးပဲ မေမေ သားအတွက်အင်းကျီပါလား"

"ပါတယ်လေသား တင့်တင့်နင့်အကိုလေးကိုပေးလိုက်ပါအုံး "

"အကိုလေးဒီမှာ"

"အင်း သားရေချိုးလိုက်အုံးမယ်ခဏပဲ "

"အေးအေး သွားလေသား"

Vip room ဖြစ်တာကြောင့် ရေချိုးခန်းပါ ပါသည်ကြောင့်နှင့် ခွန်းအိမ်မပြန်ဘဲ ဒီမှာပဲရေချိုးရန်ပြင်လိုက်သည်။ ဒီနေ့နှင့်ဆို ခွန်းရေမချိုးတာလဲ သုံးရက်တောင်ရှိပြီမဟုတ်လား။ လူကရေမချိုး၍ မလန်းသော်လည်း ငယ့်ဘေးကမခွာနိုင်သည်ကြောင့် ရေလဲမချိုးထမင်းလဲသိပ်မစားသည့်ခွန်းမှာ ယခုတော့ရေလေးတော့ချိုးလိုက်တော့သည်။ တော်ကြာငယ်နိုးလာမှ ခွန်းရဲ့ပုံစံကိုကြည့်ပြီးစိတ်မကောင်းဖြစ်သွားမည်ကို ခွန်းစိုးရိမ်သည်လေ။

"အန်တီ အဲ့ကောင်ဒီတိုင်းဆိုလဲသွားလိမ့်မယ်နော် "

"အန်တီလဲမပြောတတ်တော့ပါဘူးသားတို့ရယ်သမီးလေးများနိုးမလာရင် မအိပ်မစားနဲ့ သားလေး ရူးတောင်သွားမလားပဲ "

"ခွန်း ဖြူငယ့်ကိုအဲ့လောက်ချစ်မယ်မှန်းမသိခဲ့ဘူး ကျွန်တော်တို့လဲ"

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now