Part🍀 44 (U&Z)

15.8K 311 33
                                    

(Unicode)

"နိုးလာပြီလားငယ်"

"အွန်း "

ခွန်းမှာ မနက်အစောကြီးထဲကနိုးနေပြီး ငယ့်ကိုအရိပ်တကြည့်ကြည့်နှင့် ကြည့်နေခြင်းဖြစ်သည်။ အခုမှအိပ်ယာနိုးသည့်ငယ်ကတော့ လွန့်လူး၍ လက်တွေဆန့်နေကာ ဝတ်ထားသည့်ရှပ်အင်းကျီလေးထက် ကြယ်သီးလေးနှစ်လုံးမှာဟနေသည်ကြောင့် ခွန်းလဲဆက်ကြည့်နေလိုက်သည်။

"ကိုကြီး ဘာဖြစ်နေတာလဲဟင် မျက်နှာတွေရဲနေတယ်"

"ဘာမှမဖြစ်ဘူးငယ်ရဲ့"

"ဟင် ပူနေတယ်လေ"

ဘာမှမသိရှာသည့်ငယ်က လက်လေးများနှင့် ခွန်းရဲ့မျက်နှာကိုကိုင်၍ ဆိုလာလေသည့်အခါ ခွန်းရယ်လိုက်မိသည်။

"ဒီကောင်မလေးနဲ့တော့ခက်ပြီပဲ"

"ဟင် ဘာလုပ်လို့လဲဖြူငယ်က"

"မြူဆွယ်နေတယ်လေကွာ"

ကိုကြီးမေးဆက်ပြမှ ကိုယ့်ကိုငုံ့ကြည့်မိတော့ ကြယ်သီးများက ပြုတ်နေတာနှစ်လုံးတောင်ဖြစ်လေသည်။

"ဟင် "

အလန့်တကြားနှင့် လက်လေးများကရင်ဘက်ကိုဖိနေပြီး ဖုံးဖိနေသည့်ငယ့်လက်ခလေးကိုဆွဲ၍ဖမ်းထားလိုက်တော့သည်။

"ဘာတွေရှက်နေတာလဲငယ်ကလဲ မမြင်ဘူးတာကျလို့ကွာ"

"မရဘူးအဲ့လို ကိုကြီးကနှာဗူးကြီးပဲ ဟွန့် ..ဖယ်"

ခွန်းကိုအတင်းတွန်းလွှတ်ပြီးကုတင်ပေါ်ကဆင်းပြေးသွားသည့်ငယ်က ပေါင်လယ်ထိသာဖုံးသည့်ခွန်း၏အင်းကျီကြောင့် ပေါင်လေးတွေပေါ်နေလေသည်။ သေးသွယ်၍ ဖွေးဖြူကာ ချစ်စဖွယ်ပေါင်တံလေးများမှာ ကြည့်ကောင်းနေပြန်သည့်အခါ ခွန်းငယ့်ကိုမျက်စိတစ်ဆုံးလိုက်ကြည့်လိုက်တော့သည်။

ဖြူငယ့်အခန်းဆီပြန်ရောက်သည်နှင့် ဖြူငယ်ရေချိုးကာ တစ်ချိန်လုံးတွေးနေခဲ့သည့်အဖြေကို စိတ်ခိုင်စွာနှင့် စိတ်ပိုင်းဖြတ်၍ရခဲ့ပြီဖြစ်သည်။ အဲ့တာကဘာလဲဆိုလျှင် ဖြူငယ့်၏ရောဂါအ​ခြေနေကို ကိုကြီးကိုအသိပေးတော့မည်ဖြစ်သည်။ ဒီည ညစာစားပြီးလျှင်ပေါ့လေ။ တော်ကြာအစော​ပြောလိုက်လျှင် ကိုကြီးစိတ်ပင်ပန်းပြီး ထမင်းမစားမှာဖြူငယ်စိုးရိမ်သည်လေ။ ဒီနေ့အသိပေးတာချင်းတူလျှင်တောင် အိပ်ခါနီးမှအသိပေးလိုက်တော့ အနည်းဆုံးကိုကြီးခံစားရဖို့ အချိန်လေးနည်းတာပေါ့လေ။ ဖြူငယ်သိပါသည်။ ဖြူငယ့်ရောဂါအကြောင်းသိလျှင် ဖြူငယ့်ထက်ပို၍ခံစားရသည့်လူမှာ ကိုကြီးဖြစ်မည်ဆိုတာ။

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Où les histoires vivent. Découvrez maintenant