Part🍀 16 (U&Z)

12.1K 293 13
                                    


ခွန်းရဲနှောင်ကြိုးငယ်🍀 အပိုင်း - ၁၆
(Unicode)

ဇာတ်ကားတစ်ကားပြီးသွားသော် ရုပ်ရှင်ရုံထဲမှလူများ အစီအရီထွက်သွားကုန်၏။

"နောက်တစ်ကားက လက်မှတ်မဖြတ်ရသေးဘူးမို့လားကိုကြီး"

"ဖြတ်ပြီးပြီ ကြည့်မှာသာကြည့်ပါဗျာ"

"အွန်း "

ကိုကြီးကအေးဆေးထိုင်နေသည်ကြောင့် ဖြူငယ်လဲ စိတ်ပူမနေတော့ပဲ နောက်တစ်ကားကြည့်ရန်သာပြင်လိုက်တော့၏။ ဘာပဲဖြစ်ဖြစ် ဖြူငယ်ပျော်ရပါသည်။ ဖြူငယ်တောင်ဆိုသည့် အတိုင်းရုပ်ရှင်နှစ်ကားပြပေးသည်ကြောင့်ရော ဖြူငယ့်အလိုကိုလိုက်လို့ရော ဖြူငယ့်စိတ်ထဲဘဝင်ကျစွာပျော်နေမိ၏။

လက်မှတ်မဖြတ်တော့ရော ဘယ်သူကလာဆွဲထုတ်ရဲမှာမို့လို့လဲ ခွန်းစေရာဆိုတဲ့ဒီကိုကြီးက ခလေးတစ်​ယောက်ထဲ အတွက် Sugar Daddy လေးမို့ အေးဆေးကြည့်ပါခလေးမရယ်။ ရုပ်ရှင်နှစ်ကားလုံးကို ဆက်တိုက်ပြခိုင်းထားသည်မို့ ခွန်းနှင့်ခလေးမသာ ရုပ်ရှင်ရုံထဲကျန်ရှိနေလေတော့၏။ နောက်မှ လူအနည်းငယ်ဝင်လာကာ ရုပ်ရှင်ရုံလေးအသက်ဝင်စွာ ရှိလာလေတော့သည်။

နောက်တစ်ကားက အရှုပ်ထွေးများနှင့် မိသားစုကားဖြစ်လို့စိတ်ဝင်စားဖို့မကောင်းဘူးဟုပြောမလို့ လှည်လိုက်စဉ် ပြူးလို့ကြည့်နေသည့် မျက်လုံးလေးများကို အတိုင်းသားမြင်ရတော့၏။

"ကိုကြီး ဘာသာပြန်ပေးပါလား ဖြူငယ်တစ်ချို့ဟာတွေမသိဘူး..."

"အဲ့တာများအစောကမပြောဘူးကွာ "

"ဖြူငယ်လဲနားလည်သလောက်ဘာသာပြန်တာပဲ ဒါပေမယ့်မြန်နေတာလေ အခုကဘာမှကိုနားမလည်တော့လို့ နော်..ကိုကြီး"

လက်မောင်ကို ရုတ်တရက်လာကိုင်ကာ အဆိုးလေးကတောင်းဆိုလာသည့်အခါ ရင်တွင်းခံစားချက်လေးတွေပြင်းပြ၍ ခွန်းနေမထိထိုင်မသာဖြစ်လာရ၏။

"အင်းသေချာနားထောင်နော်..."

"ဟုတ်"

ဖြူငယ့်နားသို့ကပ်လာပြီး ဘာသာပြန်ပေးနေ
သည့်ကိုကြီးကြောင့် ကောင်းကောင်းကြည့်၍ရသည်။ ကိုကြီးက တော်လိုက်တာ တစ်ခုမှမလွတ်အောင်ကို ဘာသာပြန်ပေးနေတာဖြစ်သည်။

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now