Part🍀 13 (U&Z)

11.7K 290 8
                                    

ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း - ၁၃
(Unicode)

ဖြူငယ်အလုပ်လာသည်နှင့် နိုရာအနားသို့ပြေးသွားလိုက်တော့သည်။

"တွေ့တယ်မို့လား ဖြူငယ် မနေ့ကလမ်းသရဲအဆိုးအတေကို..."

"အင်းတွေ့တယ် ဖြူငယ်ကြောက်လို့သူကို့"

"အင်းနိုရာမတွေ့ရတာတောင် ပြောသံကြားတာနဲ့ကြောက်နေတာ"

နိုရာ့စကားကြောင့်ဖြူငယ်ပြုံးလိုက်သည်။ အဲ့လိုလူကိုမှမကြောက်ရင်အဆန်းဖြစ်နေမှာပေါ့ ဖြူငယ်လဲကြောက်လို့အဲ့လူကိုရှောင်ရန်သာတွေးထားတော့သည်။

"နှင်းနှင်း အလုပ်လာပြီလားဟင်နိုရာ"

"မလာသေးဘူး ဟုတ်သားနောက်ကျနေတယ် "

"အင်း...မတွေ့မိလို့ဖြူငယ်လဲ "

"အဲ့နှင်းနှင်းကလေ ဖြူငယ့်ကိိုလိုက်ပြိုင်နေတာသိလား "

နိုရာ့စကားကြောင့်ဖြူငယ်အံအားသင့်သွားရတော့သည်။

"ဟမ် ဘာလို့လဲနိုရာရဲ့ ဖြူငယ်မှာဘာပြိုင်စရာမှလဲမရှိပဲနဲ့..."

"ဖြူငယ်က မနက် 10 နာရီမှအလုပ်ဆင်းတော့ သူကပါလိုက်ပြောင်းခိုင်းတာလေ အဲ့တာပဲကြည့်တော့သူကအဲ့လိုပဲ သူ့ထက်လှလို့နေမှာပေါ့ ဖြူငယ်က "

"ဟား ဟား နိုရာပဲ ဖြူငယ့်ကိုလှတယ်ပြောတာသိလား..."

"ဟီး အဲ့တာတော့နိုရာက ဖြူငယ့်ကို ချစ်လို့နေမှာပေါ့..."

နှစ်ယောက်သားအတိုင်ဖောက်ညီပြီး စကားတစ်ပြောပြောနှင့် အချိန်ကုန်တာမြန်လွန်းပြီး နိုရာပြန်ချိန်တောင်လာပြီဖြစ်သည်။ ဖြစ်နိုင်လျှင်နိုရာနှင့်တစ်ချိန်းတည်းအလုပ်ဆင်းချင်ပါသည်။ ဒါမှဖြူငယ်အဖော်ရမှာမဟုတ်လား။

"ဖြူငယ် နိုရာပြန်တော့မယ်နော် "

"Ok ဘိုင့်ဘိုင် မနက်ဖြန်မှတွေ့မယ် "

နှုတ်ဆက်ပြီးသည်နှင့် အတင်းပြေးသွားသည့်နိုရာကိုကြည့်ပြီး ဖြူငယ်ရယ်နေလိုက်သည်။

"ဖြူငယ်ရေ ဒို့နဲ့စတိုခန်းစစ်ရမှာမို့လား "

"အင်း...သွားရအောင်လေနှင်းနှင်း "

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Dove le storie prendono vita. Scoprilo ora