Part🍀 25 (U&Z)

12.7K 297 15
                                    

ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း -၂၅
(Unicode

"ငယ်က ကိုကြီးအချစ်မပါပဲငယ့်ကို နမ်းတယ်ထင်နေတာလားကွ"

"ကိုကြီးကပြော​လို့လား..."

"ပြောစရာလိုသေးလို့လား ငယ်ရယ်"

"ဒီအတိုင်းကြုံလို့ နမ်းလိုက်တာ မဟုတ်ဘူးလား"

"ငယ်နော် ငယ့်ကို ချစ်လို့နမ်းတာလေ ဒီကောင်က ငယ့်ကိုသိပ်ချစ်လို့နမ်းတာလေကွာ"

ရှင်းပြရင်း ငိုသံတောင်ပါလာရသလို ဝမ်းလဲနည်းမိပါသည်။ ငယ်ကဒီဂြိုလ်ကမဟုတ်ဘူး အင်္ဂါဂြိုလ်ကဖြစ်မည်။

"ညီမလေးလိုချစ်တာမဟုတ်ဘူးလား..."

"မဟုတ်ပါဘူးကွာ ဘယ်ကညီမလေးလိုမှမချစ်ဘူး ချစ်သူတွေလိုပဲချစ်ခဲ့တာပါကွာ"

"ထားပါတော့ ဘယ်တုန်းက ချစ်ကြောင်းပြောလိုက်လို့ ရည်းစားဖြစ်သွားရတာလဲ ပြောပါအုံးအဲ့ကိစ္စရော..."

"နမ်းတောင်နမ်းပြီးပြီဆိုတော့ ငယ်သိတယ်ထင်လို့ကိုကြီးကမပြောတာလေကွာ"

"ဖြူငယ်က အကိုလိုပဲချစ်တာ ကိုကြီးကို"

လုံးဝကိုတည်ငြိမ်စွာဖြေလာသည့်ငယ်က ခွန်းကိုမော့ကြည့်၍ဖြစ်သည်။

"ကိုကြီးနမ်းတာကျ ဘာလို့ဘာမှမပြောလဲ ..."

"ကျေနေပြီကို ဘာပြောရမှာလဲဖြူငယ်က"

အဖြေရှိနေသည့်မေးခွန်းကို ဘာလို့လာမေးနေတာလဲဒီကိုကြီးကလဲ။

"ငယ်ကိုကြီးကိုမချစ်ဘူးပေါ့ အဲ့တာဆို..."

"အဲ့အချစ်ဆိုတာကြီးကို ဖြူငယ်မသိဘူး"

အစထဲက အကိုလိုပဲချစ်ခဲ့သည်ကို ယခုမှထပ်လာမေးတော့လဲဖြေရတာပေါ့လေ။

"ကိုကြီးနမ်းတော့ ဘာမှမခံစားရဘူးလား
ငယ်က..."

"ရင်ပဲတုန်တာ ကျန်တာဘာမှမဖြစ်ဘူးဆို..."

"တွေ့လားငယ် အဲ့တာကိုကြီးကိုချစ်လို့မို့လား"

"မဟုတ်ပဲနဲ့ ကိုကြီးကိုကြောက်လို့ကို"

"ငယ်ပြီးတော့ ရှက်တယ်မို့လား"

"အင်းလေ သူများကို ဘယ်သူမှမနမ်းဖူးဘူးလေ ကိုကြီးက လိုက်နမ်းနေတော့ရှက်တာပေါ့"

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Dove le storie prendono vita. Scoprilo ora