Part🍀 4 (U&Z)

15.9K 364 6
                                    

ခွန်းရဲ့နှောင်ကြိုးငယ်💛 အပိုင်း - ၄
(Unicode)

ဖြူငယ့်လက်မှ အထုပ်ကိုလက်လွှဲယူသည့်အခါ ကိုကြီးရဲ့ရှည်လျားသည့်လက်များနှင့် ဖြူငယ့်လက်များပေါ်ကျရောက်လာလျှင်ကို ဓာတ်လိုက်သလိုပင် ဖြူငယ်အနေခက်ရသည်။ ဘာလို့ဖြစ်မှန်းတော့ဖြူငယ်မသိပေ။

"ဒါက သမီးလေးနေရမယ့်အခန်း"

"ဝိုးးးကြီးကြီး ဖြူငယ်ငယ်ကဒီမှာနေရမှာပေါ့.."

"အင်းလေသမီးရဲ့ ဘာဖြစ်လို့လဲကွဲ့.."

"အရမ်းကြီးပြီး သားနားနေလို့လေ
ဟုတ်ရဲ့လားကြီးကြီးရဲ့အခန်းမှားနေတာနေမယ်"

"မမှားပါဘူးဗျာ မျက်နှာချင်းဆိုင်အခန်းကကိုကြီးအခန်း ဒီအထပ်မှာ ဒီနှစ်ခန်းပဲရှိတာ"

ကိုကြီးခွန်းကပါ ဝင်ပြောလာ၍ဖြူငယ်လဲ ခေါင်းလေးငြိမ့်ကာ အခန်းကိုလိုက်ပတ်ကြည့်နေမိသည်။

"သမီးဗိုက်ဆာပြီလားကွဲ့ ကြီးကြီးပြီးရင်ထမင်းလာပို့ပေးမယ်နော်.."

"မဆာသေးပါဘူးကြီးကြီးရဲ့... "

"ကြီးကြီးတို့ဒီမှာက ထမင်းဗူးနဲ့အခန်းတံခါးမှာလာချိတ်ပေးထားတယ်ကွဲ့ မီးလေးလာယူစရာမလိုဘူးနော်.."

"ဟုတ်ကြီးကြီး"

ဖြူငယ်အံ့ဩရင်လဲမမှားပေ ဒီကွန်ဒိုကို ခွန်းစေရာကိုယ်တိုင် Design ဆွဲပြီး အပေါ်ထပ်နှစ်ခန်းကို ခွန်းအတွက်တစ်ခန်း ဖြူငယ့်အခန်းကို ဖေဖေနဲ့မေမေရဲ့အခန်းအဖြစ်သုံးရန်စီစဥ်ထားသည်လေ။ ပရိဘောဂနှင့်အခန်းအပြင်အဆင်ကို ခွန်းစိတ်ကြိုက် အကောင်းဆုံးတွေကိုရွေး၍ သေချာဖြည့်စွက်ဖန်တီးထားသည်မို့လား။

ဖြူငယ့်အဖို့ဤအခန်းသည် နတ်ပြည်သဖွယ်သားနားလွန်းနေသည်။ အိစက်သည့်မွေ့ယာနှင့်အခန်းအတွင်း ဖြူငယ့်အကြိုက်အဝါနုရောင်လေးများနှင့်အလှဆင်ထားသည်။ ဧည့်ခန်းတွင်လည်းရှည်လျားသည့်ဆိုဖာများနှင့် မီးဖိုခန်း၊ ထမင်းစားပွဲ၊ ရေချိုးခန်းစသည်ဖြင့်အတော်လေးသပ်ရပ်နေပုံမှာ ဤအခန်းမျိုးကို ဖြူငယ် TV ထဲမှာသာမြင်ဖူးသည်ဖြစ်သည်။

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now