လွတ်မြောက်ခြင်းနှင့် အလင်းရောင်

3.5K 266 91
                                    

Unicode

အက်ကွဲနေတဲ့ နေ့လယ်ခင်းအချိန်အခါတွေ။ နွေလေပူပူက ရင်ထဲကရှတခြင်းတွေကို အနာကျက်စေဖို့ရာ အဆုံးစွန်အထိတိုက်ခတ်ပေးနေပေမဲ့ သူ့ဒဏ်ရာတွေဟာတော့ဖြင့် တဖြည်းဖြည်းနဲ့စပ်ဖျင်းကိုက်ခဲတက်လာတော့တာ။

ရေမထိတာကြာသွားတာကြောင့် ခြောက်ကပ်သေဆုံးသွားတဲ့နှင်းဆီပန်းခြောက်တွေကို မြေအိုးငယ်ထဲက သယ်ယူပစ်ထုတ်ဖို့ကြိုးပမ်းနေရင်း သူ့လက်မှာကပ်ငြိတာက နှင်းဆီဆူးက ပေးအပ်တဲ့ဒဏ်ရာတွေ။

ခြံထောင့်မှာစုပုံထားတဲ့အမှိုင်းတောင်းထဲပစ်ထည့်ခိုက် ရင်ထဲမှာ ဘာမှမခံစားရတော့သလို။ နာကျင်ရလွန်းလို့ပဲ ထုံသွားတာလား။ ဒါမှမဟုတ် စွန့်လွှတ်နိုင်သွားတာလား။

တစ်ချိန်တစ်ခါတုန်းက အရှိန်အဝါနဲ့တောက်ပခဲ့တဲ့ သူတို့ရဲ့စံအိမ်ကြီးဟာ အခုတော့ မှောင်မှိုက်ပြိုလဲနေတဲ့ညခင်းယံကဖန်ပုလင်းကွဲစတွေလို။

မြက်ခင်းပြင်စိမ်းစိမ်းတွေဟာ သဲကန္တာရကြီးတစ်ခုနှယ်။ ထည်ဝါခဲ့ဖူးတဲ့ ရေပန်းကြီးထက်မှာလည်း အစိမ်းရင့်ရောင်အချွဲအကျိမှော်ရုံတွေ ကပ်တွယ်ငြိနေတယ်။

သစ်ပင်ပန်းမန်တွေက အရာအားလုံးပျက်သုန်းလို့။ ကြင်နာခဲ့ဖူးတဲ့ နှင်းဆီနီလေးအတွက်ရည်စူးပြီး ပျိုးထားခဲ့တဲ့ပန်းတွေအားလုံးလည်းသေဆုံးကုန်ပြီ။

သူ့အချစ်တွေနဲ့ထပ်တူပေါ့ ....

ပြင်းပြတဲ့နေအရှိန်ကြောင့် စွပ်ကျယ်လက်ပြတ်ကိုသာ၀တ်ထားတဲ့ သူ့အသားအရည်တွေက စပ်ဖြင်းဖြင်း။ မေးရိုးချွန်ထက်ထက်ကနေ ပေါက်ခနဲစီးကျလာတဲ့ ချွေးစက်မှုန်တွေ။

အသက်တစ်ခါရှူတိုင်း ပခုံးရိုးကြီးတွေက တင်းတက်သွားပြီး မို့မောက်လာတဲ့ရင်အစုံ။

စစ်ဆေးရေးခန်းထဲမှာ လအတော်ကြာနေခဲ့ရတဲ့သူဟာ ငရဲထပ်တွေကနေ လွတ်မြောက်ခဲ့ပါပြီ။ ဇာတ်သိမ်းမရောက်ခင်မှာ အမြင်မှန်သွားတဲ့အကျိုးဆက်တွေအရ သူသေတော့မသေခဲ့။ အဲ့လိုပဲ အသက်ရှင်နေတဲ့အဓိပ္ပာယ်တွေလည်း ပြယ်လွင့်ကုန်ပြန်တယ်။

Chocolate Cosmos (Completed)Where stories live. Discover now