အပိုင်း - ၁၇

5.2K 519 107
                                    

Unicode

မနက်စောစောစီးစီး ထမင်းစားစားပွဲမှာထိုင်ရင်း ဩဝါဒအခြွေခံနေရတဲ့ ထယ်ယောင်းအဖြစ်ရယ်ပါ။ ရှူတည်တည်မျက်နှာနဲ့ အရက်ရဲ့ဆိုးကျိုးတွေကို တစ်ခုချင်းစီပြောနေသူကြောင့် ထယ်ယောင်းပါ သူ့အစားမောလာရတယ်။

"နောက်တစ်ခါ မသောက်ရတော့ဘူး။ ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါဆို"

ပျားသံပုရာကို တစ်ငုံငုံတော့ သွားတွေကျိန်းခနဲ။ မျက်နှာကိုရှုံ့မဲ့လိုက်တဲ့အခါ ဂျောင်ကုက ရယ်လာပြီး ထယ်ယောင်းရဲ့ပါးပြင်တွေကို ဆွဲညှစ်တယ်။ ထယ်ယောင်းဟာလည်း ဂျောင်ကုရဲ့လက်ဖျံကို ကုန်းကိုက်ဟန်ပြုရင်း နှစ်ယောက်သာရှိတဲ့ မနက်စာစားပွဲဝိုင်းက သာယာနေပါတယ်။

"ကျွန်တော် မနေ့က တစ်အားဆိုးဆိုးတွေလုပ်မိလား"

"အင်း ဆိုးတာမှ သိပ်ကိုဆိုးတာ။ မင်းဟာ ကိုယ့်ကိုသေတွင်းတူးပေးနေသလိုပဲ။ သိရဲ့လား အရူးလေးရဲ့"

ထယ်ယောင်းရဲ့နှာဖျားထက်ကို လက်ညှိုးလေးနဲ့ပွတ်ဆွဲရင်း ပြောတော့ ပြူးကြောင်ကြောင်ဖြစ်သွားရတယ်။ ဂျောင်ကုက ထယ်ယောင်းကို အရမ်းကြီး ကလေးလေးလိုဆက်ဆံနေတာ မဟုတ်ဘူးလား။

"ဘာတွေများလုပ်မိပါလဲ"

"မင်းကိုယ့်ကို လူဆိုးတွေလက်ထဲ ထိုးထည့်ခဲ့တယ်လေ။ ဟောဒီမှာကြည့်ပါဦး ကိုယ့်လက်ကို"

ပွန်းပဲ့ရာထင်နေတဲ့ တံတောင်ဆစ်နားကို ညွန်ပြပြီး ဂျောင်ကုရဲ့မျက်နှာက ခပ်မဲ့မဲ့။

"ဟာ အခုထိဆေးမထည့်ရသေးဘူးလား။ ခဏ ခဏ။ ကျွန်တော်လုပ်ပေးမယ်"

အခန်းထဲက first aid kit ကို ပြေးယူပြီး ကပျာကယာဆေးထည့်ပေးရတယ်။ အရက်ပြန်စွတ်ပေးရင်း နာတာသက်သာအောင် လေမှုတ်ပေးတော့ ဂျောင်ကုဟာ ထယ်ယောင်းကိုကြည့်ရင်း ပြုံးလို့။

"ဘာတွေ သဘောကျ"

"နမ်းချင်တယ်"

‌လှုပ်ရှားနေဆဲလက်တွေက တုန့်ခနဲရပ်သွားပြီး ထယ်ယောင်းရဲ့ ပါးပြင်တွေ အရောင်ရင့်လာတယ်။ ပုန်းစရာတွင်းမရှိလို့ ဂယောက်ဂယက်ဖြစ်နေတဲ့ ကြွက်ဖြူလေးနဲ့တောင် ဆင်တူတူ။

Chocolate Cosmos (Complete)Donde viven las historias. Descúbrelo ahora