အပိုင်း - ၂

10.8K 950 77
                                    

Unicode

တနင်္ဂနွေနေ့ရဲ့ မနက်ခင်းကတော့ ကြည့်ချင်ဖွယ်ရာ ရှုချင်ဖွယ်ရာ ကောင်းအောင် လှပနေပါတယ်။ နှင်းမှုန်ခပ်ဖွေးဖွေးတွေက တသွင်သွင်ကျဆင်းနေပြီး အရှိန်မသေသေးတဲ့ ဆောင်းလေပြည်တွေက ၀ရန်တာမှာထွက်ထိုင်နေတဲ့ ထယ်ယောင်းရဲ့မျက်နှာပေါ် ရိုက်ခတ်နေဆဲပါပဲ။

လေတစ်ခါတိုးတိုင်း မျက်နှာတစ်ပြင်လုံးအေးခနဲ။ သွားတွေလည်း ကျိန်းခနဲ။ မနက်စာ နွားနို့တစ်ခွက်ကလွဲပြီး ဘာမှထပ်မစားရသေးတဲ့ ၀မ်းဗိုက်က ဆာတာတာဖြစ်နေသလို။

"ဟေ့ ဟာ ဒုက္ခပဲ"

ရုတ်တရက်ကြီး ခပ်ကြမ်းကြမ်းတိုက်ခတ်လာတဲ့လေကြောင့် ၀ရန်တာပေါ်မှာ လှမ်းထားတဲ့ ဂျူတီကုတ်က တစ်ဖက်အခန်းရဲ့ ၀ရန်တာပေါ် သွားကျပါတယ်။

ပြူးပြူးပြာပြာနဲ့ ခေါင်းနဘန်းတွေကြီးလို့။

တစ်ယောက်အခန်း တစ်ယောက်ကူးနိုင်လောက်အောင် နီးကပ်တယ်ဆိုပေမဲ့ စွန့်စွန့်စားစားနဲ့ သူများအခန်းဘက်အထိ သွားမယူချင်။

ထိုစဉ် လှစ်ခနဲထွက်လာတဲ့ အဖြူရောင်အရိပ်တစ်ခုကြောင့် ထယ်ယောင်းရဲ့ခန္ဓာကိုယ်က တောင့်ခနဲ။ သွေးကြောစိမ်းတို့ ယှက်ဖြာနေသော ဖြူဖွေးသန်မာတဲ့လက်တစ်စုံက ပြုတ်ကျနေတဲ့ သနားစရာဂျူတီကုတ်လေးကို ကောက်ယူလိုက်တယ်။

ဒိန်းခနဲကြည့်လာတဲ့ မျက်၀န်းဝိုင်းတွေကြောင့် အသက်ရှူအောင့်ပြီး လက်ဖျားနှစ်ဖက်ကို လိမ်ကျစ်မိလိုက်တယ်။

မဟုတ်သေးဘူးလေ။ သူကဘာတွေကို ကြောက်‌နေရမှာလဲ။ ဒီအတိုင်းလေတိုက်လို့ လွင့်သွားတဲ့ကိစ္စကို။ တမင်လုပ်တာမှမဟုတ်တာ။ အဲ မဟုတ်မှ အဲ့လူက ထယ်ယောင်း တမင်လုပ်တယ်များ ထင်သွားမလား။ ထင်တော့ရော ဘာဖြစ်လဲ။ တစ်ကယ်တမင်လုပ်တာမှမဟုတ်တာ။

"ဂျူတီကုတ်က မင်းဟာမဟုတ်လား"

"အဲ ဗျာ ဗျာ"

တစ်ယောက်တည်း ကယောက်ကယက်တွေဖြစ်နေတုန်း ထွက်လာတဲ့အသံကြောင့် မျက်လုံးပြူးမျက်ဆံပြူးနဲ့ အယောင်ယောင်အမှားမှားတွေ ဖြစ်ကုန်တော့ တစ်ဖက်လူက ဟက်ခနဲရယ်တယ်။

Chocolate Cosmos (Complete)Where stories live. Discover now