Unicode
အမူးပြေဟင်းချိုကို တစ်ငုံပြီးတစ်ငုံမော့သောက်နေတဲ့ ထယ်ယောင်းကိုကြည့်ပြီး ဂျောင်ကုရဲ့မျက်နှာဟာချိုမြမြ။ သာမန်နေ့တွေနဲ့ ကွဲပြားစွာ ဒီနေ့ထမင်းဝိုင်းမှာတော့ ထပ်တိုးရောက်လာတဲ့ ဧည့်သည်နဲ့အတူ ဟင်းအမယ်တွေကလည်း စုံစီလို့နေပါတယ်။
ပလုတ်ပလောင်းစားရင်း ဟင်းအနှစ်တွေ နှုတ်ခမ်းဘေးမှာ ကပ်တွယ်တဲ့အခါ ဂျောင်ကုဟာသဘောတကျပြုံးရင်း တစ်သျှူးနဲ့ ခပ်ဖွဖွသုတ်ပေးတယ်။ မညှပ်ရသေးတဲ့ ဆံသားကောက်ကောက်တွေက မျက်နှာပေါ် ကလူကျီစယ်လာပြန်တဲ့အခါမှာလည်း နားရွက်နောက်ဖျားကို တွန်းပို့ပေးတတ်ပါတယ်။
ထယ်ယောင်းကတော့ ပြန်လည်းမပြောနိုင်။ မွေးကျေးဇူးမဟုတ်တဲ့ ကျွေးကျေးဇူးရှိနေတာဆိုတော့လည်း ..
သူ သဘောကျသလိုသာ လုပ်ပါစေလေ။
"တစ်ကယ် အမူးပြေပြီလား။ ဆေးရုံကိုရောသွားရဦးမှာလား"
အမေးစကားတစ်ခွန်းနဲ့အတူ အသားတစ်ဖက်ကို ထမင်းပန်းကန်ထဲ ထည့်ပေးလာတဲ့အခါ တိုင်မှာကပ်ထားတဲ့နာရီကို လှမ်းကြည့်လိုက်မိတယ်။
နေ့လည် ဆယ့်နှစ်နာရီ
မူးမူးရူးရူးနဲ့ အကြာကြီးအိပ်ပျော်သွားမိတာ။ နိုက်ဂျူတီပဲရှိလို့သာ တော်သေးတယ်။ မဟုတ်ရင်တော့ ပြသနာတွေ အကြီးအကျယ်တက်မှာပဲ။
"ဟင့်အင်း နိုက်ဂျူတီပဲရှိတာ။ ခင်ဗျားလည်း ထည့်စားလေဗျာ။ ကျွန်တော့်ထဲပဲထည့်ပေးနေတယ်"
ပြောရင်းဆိုရင်း အခုထိထမင်းတစ်စက်မှမလျော့သေးတဲ့ သူ့ပန်းကန်ထဲကို ဟင်းတွေထည့်ပေးတော့မှ စတင်ပြီးစားတော့တယ်။
ဒီတစ်ခါငေးရတဲ့သူက ထယ်ယောင်းဖြစ်သွားရတာပဲ။ ဆူပွပွနှုတ်ခမ်းရဲရဲလေးနဲ့ လှုပ်ခါနေတဲ့ပါးစောင်လေးတွေက ချစ်စရာတော့ ကောင်းသားရယ်။
"ကိုယ့်လက်ရာကို သဘောကျရဲ့လား"
"အင်း အင်း။ ခင်ဗျားချက်တာ တစ်ကယ်ကောင်းတာပဲ"
လက်မနှစ်ချောင်းကို ထောင်ပြတော့ ပါးပြင်ဖွေးဖွေးပေါ်မှာ ပါးချိုင့်ကလေးခွက်၀င်တဲ့အထိ ပြုံးပြလာတယ်။ ငေးခနဲပဲ။ နှစ်လိုစရာကောင်းတဲ့ဒီလူ။ တစ်ခါတစ်လေ ဆွဲဆောင်မှုတွေကလည်း ပြင်းရှရှ။ တစ်နည်းအားဖြင့် ပြောရရင်
YOU ARE READING
Chocolate Cosmos (Completed)
Fanfictionနှလုံးသားထဲ တစ်စတစ်စရစ်တွယ်လာတဲ့ မောင့်ရဲ့ cosmos ပင်ငယ် လေအနှင်နဲ့ ဘယ်ဆီကိုများ ရွေ့နေသလဲကွယ် . . . .