အချပ်ပို - ၃

5.8K 464 83
                                    

Unicode

ဆားနံ့သဲ့သဲ့ပါတဲ့ ပင်လယ်ရနံ့ဟာ ထယ်ယောင်းရဲ့စိတ်ကိုလန်းဖြာစေတယ်။ လေညှင်းသွဲ့သွဲ့တို့ ပါးပြင်ပေါ် ‌ဖြတ်သန်းလာချိန် ထယ်ယောင်းရဲ့မျက်နှာလေးဟာ ၀င်းနှစ်နှစ်နဲ့ ပြုံးတက်လို့သွားတယ်။

ထယ်ယောင်းနဲ့ထပ်တူ ကြည်လင်ပျော်ရွှင်နေတဲ့မောင့်ကြောင့် ထယ်ယောင်းရဲ့လောကကောင်းကင်ဟာ တိမ်စိုင်ပြာတွေနဲ့ ဖုံးလွှမ်းထားသလို။

ရေစိုနေတဲ့သဲပြင်လွှာပေါ်မှာ ‌ထယ်ယောင်းတို့ရဲ့ခြေရာတွေက ခပ်ထင်းထင်း။ စိမ်းပြာရောင်သန်းနေတဲ့ ပင်လယ်လှိုင်းတွေက သောင်ပြင်ပေါ်ကို တလှိမ့်လှိမ့်တက်လာတယ်။ ရှူမငြီးဖွယ်ရာ၊ ငေးမောဖွယ်ရာ။

ရေစိုနေတဲ့သဲပြင်လွှာပေါ်မှာ ‌ထယ်ယောင်းတို့ရဲ့ခြေရာတွေက ခပ်ထင်းထင်း။ စိမ်းပြာရောင်သန်းနေတဲ့ ပင်လယ်လှိုင်းတွေက သောင်ပြင်ပေါ်ကို တလှိမ့်လှိမ့်တက်လာတယ်။ ရှူမငြီးဖွယ်ရာ၊ ငေးမောဖွယ်ရာ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Playa del Carmen .... မက္ကစီကိုရဲ့ ကမ်းခြေဒေသတစ်ခု။ ပြာလွင်လှပခြင်းတွေနဲ့ နူးညံ့မှုတို့ ပေါင်းစုဆုံရာနေရပ်။

မောင့်ရဲ့ကြိုးစားမှုတွေကြောင့် သိပ်မကြာခင်အတောအတွင်းကပဲ ထယ်ယောင်းတို့မှာ ကားလေးတစ်စီးပိုင်နိုင်ခဲ့ပါပြီ။ လိုင်စင်ရှိပြီးသားမို့ ထယ်ယောင်းတို့ရဲ့ ပထမဆုံးခရီးစဉ်ကလေးဟာ Playa del Carmen ရဲ့ကမ်းခြေကိုဖြစ်ခဲ့တယ်။

"မောင် .... ဘာလို့ ပင်လယ်ဆီလာတာလဲဟင်"

Lover seat မှာထိုင်ရင်း စတီယာတိုင်ကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်ထားတဲ့ မောင့်ကို ထယ်ယောင်းလှည့်မေးလိုက်တယ်။

"ချစ်ရတဲ့သူကိုရှာတွေ့တဲ့အခါ သူနဲ့အတူ ပင်လယ်ကိုသွားချင်ခဲ့တယ်"

မောင့်အဖြေကြား ထယ်ယောင်းရဲ့နှလုံးသားလေးဟာ အတိုင်းအဆမဲ့စွာ တုန်ခါတယ်။ ချိုမြိန်ခြင်းရဲ့အနမ်းတစ်ပွင့်ကို မောင့်ပါးပြင်ထက် ကမ်းလင့်တော့ မောင်ဟာ ကားကို လမ်းဘေးဘက်ဆီ ချက်ချင်းထိုးရပ်ပြီး ခါးပတ်ကိုဆွဲဖြုတ်လို့ ထယ်ယောင်းရဲ့နှုတ်ခမ်းတွေကို မွတ်သိပ်ပြင်းရှစွာ နမ်းရှိုက်ခဲ့ဖူးတာကို ထယ်ယောင်းပြန်အမှတ်ရသွားခဲ့တယ်။

Chocolate Cosmos (Completed)Where stories live. Discover now