Unicode
ကောက်ကွေးကိုယ်တော်က ညတစ်ပိုင်းလုံး ထယ်ယောင်းကို လုံး၀အဖက်မလုပ်ပါဘူး။ ညစာစားမယ်ဆိုပြီးပြောခဲ့ပေမဲ့လည်း တံခါးရှေ့မှာ လူကိုထားပစ်ပြီး ချက်ချင်းကို သူ့အခန်းဆီပြန်သွားတော့တာပဲ။ ပြန်လည်းပေါ်မလာ။
နောက်နေ့မနက်မှာတော့ ခပ်တင်းတင်းမျက်နှာထားနဲ့ လူခေါ်ဘဲလ်ကို အဆက်မပြတ်တီးပါတော့တယ်။ အခုလည်း ဆိုဖာပေါ်မှာ ကျောက်ရုပ်ကြီးချထားသလို ငုတ်တုတ်။
ထယ်ယောင်းဘက်ကသာ နာရီ၀က်လောက် အမြှုပ်ထွက်မတက် စကားတွေပြောနေပေမဲ့ သူကတော့ အင်းမလုပ် အဲမလုပ်။ နေ့ချင်းညချင်း စကားမပြောတတ်တော့တာလားလို့တောင် ထင်မိသွားတယ်။
"တော်ပြီဗျာ။ မပြောချင်လည်းနေတော့။ နေရာတစ်ကာ သူ့စိတ်ကြီးပဲ။ သူများကဖြေရှင်းချက်ပေးနေတာတောင် အဖက်မလုပ်ဘူး။ အမြင်ကပ်ဖို့ကောင်းတဲ့ လူ့ဂွစာကြီး"
"အော် အော်။ အခုကိုယ့်ကိုပြန်ပြီး စိတ်တိုနေတာလား"
"ဟုတ်တယ် ဟုတ်တယ်။ တိုတော့ဘာဖြစ်သလဲ။ တစ်ကယ်ဆို ခင်ဗျားမှားတာမဟုတ်ဘူးလား။ အလုပ်ရှိလို့မလာဘူးပြောပြီး ရောက်လာတယ်။ ရောက်လာတော့လည်း သူများတွေ ထမင်းစားမယ့်ကိစ္စကိုနှောက်ယှက်တယ်။ ခင်ဗျားကြောင့် မနေ့က ညစာလွတ်သွားတာ သိလား !! သိလားလို့ !!"
စိတ်ရှိတိုင်း မျက်စိစုံမှိတ်ကာ အော်ပစ်တဲ့အခါ ဂျောင်ကုဆီက ရယ်သံတိုးတိုး ထွက်ကျလာတယ်။ ဘာလဲ လူကိုလှောင်နေတာလား အခု။
"ဟုတ်ပြီ။ စိတ်ကိုလျှော့လိုက်နော်။ ကိုယ်မှားတာပါ ဟုတ်ပြီလား။ ဒေါသကလည်း သိပ်ကြီးတာပဲကွာ"
ချိုမြမြလေသံနဲ့ ဆံသားတွေကိုလာဖွတဲ့အခါ ခေါင်းကိုဖယ်ခါလို့ ရှောင်ပစ်လိုက်တယ်။ အခုထိစိတ်တိုနေတုန်း။ ဒီလိုလာချော့ရုံလောက်နဲ့ ရမလားလို့လေ။
"သွားဗျာ။ စိတ်တစ်အားဆိုးတယ်။ သူကလည်းမှားသေး။ လူကိုလည်း စိတ်ကောက်သေး"
ရွဲ့တဲ့တဲ့ပြောတော့ သူ့မျက်ခုံးတန်းတွေပြေကျသွားရင်း သွားတန်းဖွေးဖွေးတွေပေါ်လာပြီး ပခုံးသားတွေလှုပ်တဲ့အထိ တသိမ့်သိမ့် ရယ်မောတယ်။
YOU ARE READING
Chocolate Cosmos (Complete)
Fanfictionနှလုံးသားထဲ တစ်စတစ်စရစ်တွယ်လာတဲ့ မောင့်ရဲ့ cosmos ပင်ငယ် လေအနှင်နဲ့ ဘယ်ဆီကိုများ ရွေ့နေသလဲကွယ် . . . .