အပိုင်း - ၁၈

5.2K 475 45
                                    

Unicode

"ခါးကိုသေချာမတ်ထား။ ခါးကြီးယိမ်းရင် စက်ဘီးမှောက်သွားလိမ့်မယ်"

တဆူဆူတပူပူအသံတွေကြား ထယ်ယောင်းမှာချွေးတွေပါပျံချင်ချင်။

မောင်က လုံး၀ လုံး၀ကိုစက်ဘီးမစီးတတ်တာ။ သင်သင်ချင်းမှာခက်တာတော့အမှန်ဟုတ်ပေမဲ့ သင်နေတာ ငါးရက်လောက်ရှိတာတောင် ကိုယ်နေဟန်ထားမှန်ဖို့ကို အတော်ကြိုးစားနေရတဲ့အဖြစ်။

"မရတော့ဘူး မောလာပြီ"

မောင် မောမမောတော့မသိ။ သင်ပေးရတဲ့ထယ်ယောင်းမှာ အာခေါင်တွေပါခြောက်လာလို့ break time ခဏယူလိုက်ရတော့တယ်။

"မောနေပြီလား"

"အသက်ပါထွက်ချင်တယ်"

မောင့်ရယ်သံလေးတွေ တလွင်လွင်ထွက်လာတယ်။ ညနေခင်းရဲ့လေပြည်တွေက ထယ်ယောင်းကိုလွှမ်းခြုံရစ်ပတ်ပြီး အမောပြေအောင် ဆောင်တယ်။ မျက်ခုံးတန်းပေါ် စီးကျလာတဲ့ချွေးစက်တွေကို မောင်က လက်မလေးနဲ့ဖယ်ပေးတယ်။

"ဘာလို့ရုတ်တရက်ကြီး စက်ဘီးစီးသင်ချင်ရတာလဲ"

"မင်းကို တင်နင်းချင်လို့ပေါ့။ အခုလို အိမ်စောစောပြန်ရောက်တဲ့အခါ မင်းခန္ဓာကိုယ်လေးကိုစက်ဘီးပေါ်တင်ပြီး ဟိုးအဝေးကြီးအထိ ခရီးနှင်မယ်။ မောင့်ခါးကို မင်းလက်လေးနဲ့ဖက်တာလည်း ခံချင်မိတယ် sweetie ရဲ့"

ခပ်ချွဲချွဲစကားကြောင့် ရေခဲမုန့်တစ်ခွက်ကိုစားလိုက်ရသလို ထယ်ယောင်းခံစားလိုက်ရတယ်။ sweetie .... အဲ့နာမ်စားကိုကြားတိုင်း ထယ်ယောင်းရင်ထဲကို ပုရွက်ဆိတ်အုံကြီးတက်လာသလို ရွစိရွစိနဲ့။ အချစ်လေး၊ ထယ်ယောင်းလေးလို့ခေါ်ရင် အဆင်ပြေသေးပေမဲ့ မောင့်ဘက်က sweetie လို့ခေါ်လာတဲ့အခါ ထယ်ယောင်းမှာ မောင့်ရင်ခွင်ထဲမျက်နှာ၀ှက်ချင်တဲ့အထိ ရှက်ရွံ့လာတော့တာပဲ။

"အဲ့လို .. မခေါ်ပါနဲ့ဆို"

နားရွက်ဖျားတွေကို လက်နဲ့မသိမသာကုတ်လိုက်မိတယ်။

"ခေါ်မှာပဲ"

အနားကိုကပ်လာပြီး လေတိုးသံလိုခပ်နိမ့်နိမ့်ပြောရင်း ထယ်ယောင်းပါးပြင်ကို ရွှတ်ခနဲနမ်းတယ်။ လန့်ဖြန့်သွားရင်း ဘေးဘီကိုဝေ့ကြည့်မိလိုက်တယ်။

Chocolate Cosmos (Complete)Où les histoires vivent. Découvrez maintenant