အပိုင်း - ၉

5.7K 580 51
                                    

Unicode

နေ့အလင်းရောင်မပွင့်တပွင့်ရှိသေးပေမဲ့ မှောင်ရိပ်သန်းနေတဲ့ စင်္ကြလမ်းမှာ ဂျောင်ကုရဲ့မျက်နှာဟာ နွမ်းလျလျ။ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်ရင်း အံ့ဩခြင်းတွေနဲ့ငြိမ်သက်နေမိတယ်။

သွေးမရှိသလို ဖြူဖျော့နေတဲ့မျက်နှာပေါ်မှာ ထင်ကျန်နေတဲ့ ဒဏ်ရာဒဏ်ချက်အချို့ဟာ အရှိန်မကျသေးဘဲ ယောင်ယမ်းနေဆဲ။ အရင်ကရဲထွေးနေကျ နှုတ်ခမ်းပါးလေးဟာလည်း အခုအချိန်မှာတော့ ဖြူစွတ်စွတ်။

"ဂျောင် ဂျောင်ကု။ ကျွန်တော်"

"ဆောရီထယ်ယောင်းရယ်။ ကိုယ့်ရဲ့ဆိုးဆိုးရွားရွားပုံရိပ်ကို မင်းကိုမြင်စေမိပြီ"

"အို မဟုတ်တာ"

ပြုတ်ကျနေတဲ့ပန်းစည်းလေးကိုကောက်ယူပြီး ထယ်ယောင်းရဲ့လက်ဖျားတွေကိုဆွဲကိုင်လို့ အခန်းထဲခေါ်ဆောင်သွားတယ်။ ဂျောင်ကုရဲ့အခန်းထဲ၀င်ရမယ်လို့တွေးထားတဲ့ စိတ်လှုပ်ရှားမှုတွေဟာ တဖန်နိုးကြွလာပေမဲ့ ဂျောင်ကုကိုစိတ်ပူနေဆဲ။

"သက်သောင့်သက်သာနေနော်"

ဆိုဖာပေါ်နေရာချပေးရင်း အနောက်ဘက်မီးဖိုချောင်ထဲ ထွက်သွားတဲ့အခါ ထယ်ယောင်းတစ်ယောက်တည်း ငူငူငိုင်ငိုင်။ အခန်းက တော်တော်လေးကို တော်တော်လေးကိုမှတော်တော်လေးကိုရှင်းလင်းနေတယ်။

ဧည့်ခန်းထဲ ဆိုဖာတစ်လုံးနဲ့ စားပွဲခုံတစ်ခုံကလွဲပြီး ဘာမှမရှိ။ ဂျောင်ကုရဲ့အခန်းအတွင်းဘက်ဟာ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ‌နွေညတွေနဲ့ဆင်တူတူ။ မိသားစုဓာတ်ပုံမရှိ၊ နံရံကပ်ပန်းချီကားတွေမရှိ။ အကျဉ်းထောင်ထဲရောက်နေရသလိုမျိုး ခံစားလာရတဲ့အခါ ထယ်ယောင်းရဲ့ရင်ထဲ စိုးရိမ်စိတ်တွေစတင်ကြီးစိုးလာတယ်။

ဂျောင်ကုက အဆင်ရောပြေပါရဲ့လား ..။

"ထယ်ယောင်း ရော့ သောက်ပါဦး"

ကိုင်ဆောင်လာတဲ့အားကြောင့် ဖန်ခွက်ကြည်ကြည်ရဲ့မျက်နှာပြင်ပေါ်မှာ ဘောင်ဘင်ခတ်နေတဲ့ရေတွေ။

"ကိုယ့်မှာဒါပဲရှိတယ်"

အားနာနေဟန် ခပ်မှိန်မှိန်ပြုံးပြီး ဆံပင်တွေကိုဆွဲဖွတယ်။ ဘာဖြစ်လို့များ သိမ်ငယ်ရိပ်တွေက။ ထယ်ယောင်း အဲ့သလိုမဖြစ်စေချင်ပါဘူး။ လျော့ရဲနေတဲ့မျက်နှာကိုမြင်ရတဲ့အခါ ထယ်ယောင်းရဲ့နှလုံးသားကပါ ဆို့နစ်တင်းကြပ်လာတယ်။

Chocolate Cosmos (Completed)Where stories live. Discover now