အပိုင်း - ၁၆

5.3K 496 60
                                    

Unicode

"ဟီးဟီး ကျွန်တော်ရောက်လာပြီ ဂျောင် ...... ကု"

ပြုံးဖြီးဖြီးမျက်နှာနဲ့ ဆေးရုံထဲကပြေးထွက်လာရင်း တစ်စုံတစ်ယောက်နဲ့ စကားပြောနေတဲ့ဂျောင်ကုကိုတွေ့တဲ့အခါ ထယ်ယောင်းရဲ့အသံလေးတိမ်၀င်သွားတယ်။ စကားပြောနေရာက ထယ်ယောင်းဘက်လှည့်ကြည့်လာတဲ့ဂျောင်ကုကြောင့် စိတ်ထဲမှာလည်းအားနာမိသွားတယ်။ အလကားသက်သက် စကားပြောတာတွေပျက်ကုန်ပြီထင်ပါရဲ့။

"လာလေ ထယ်ယောင်းရဲ့"

အနားကိုလာဖို့ခေါ်တော့ တွန့်ဆုန့်တွန့်ဆွန့်နဲ့ပဲ ဂျောင်ကုအနားကပ်နေလိုက်ရတယ်။ တစ်ဖက်လူဟာတော့ ထယ်ယောင်းတို့ကို စူးစမ်းသလိုကြည့်လို့။

"ထယ်ယောင်းထင်တယ်"

"အယ် ဟုတ်ကဲ့။ ကျွန်တော့်ကိုသိနေတာလား"

ပြုံးလိုက်တဲ့အခါ နစ်၀င်သွားတဲ့ ပါးချိုင့်ခွက်တွေက ဂျောင်ကုရဲ့ပါးချိုင့်ရေးရေးတွေနဲ့ ဆင်တူမနေပေမဲ့ တော်တော်လေးတော့ ကြည့်ကောင်းပါတယ်။

"ဒီကောင့်ကြောင့်ပေါ့။ မကြားချင်မှအဆုံးကိုပြောနေတော့တာ"

ပါးချိုင့်ပိုင်ရှင်ကစတဲ့အခါ ဂုတ်ပိုးလေးတွေကိုပွတ်ပြီး ဂျောင်ကုရဲ့ခေါင်းလေးငုံ့သွားတယ်။ မသိမသာထင်နေတဲ့ အပြုံးရေးရေးလေးနဲ့အတူ ရဲထွေးနေတဲ့ နားရွက်လေးတွေက ဂျောင်ကုရဲ့ရှက်ရွံ့မှုကိုဖော်ပြတယ်။

ချစ်စရာကောင်းလိုက်တာ။

"ဒါက ကင်မ်နမ်ဂျွန်းတဲ့။ ကိုယ့်မိတ်ဆွေပါ။ ကိုယ်‌တို့တွေ ဆယ်ချွန်းကိုသွားတုန်း ဂွမ်ဂျူအမျိုးသားဆေးရုံရဲ့ ဒုဆေးရုံအုပ်လေ။ ထယ်ယောင်းမှတ်မိတယ်မဟုတ်လား။ ဂျောင်ဟိုဆော့ဆိုတာ။ အဲ့ဟျောင်းရဲ့သူငယ်ချင်း"

"အော်"

ခေါင်းလေးကိုတဆတ်ဆတ်ငြိမ့်ရင်း သိတဲ့အကြောင်း ထောက်ခံလိုက်တယ်။ သူငယ်ချင်းနှစ်ယောက်လုံးက တစ်ကယ်ကို အချောတွေပဲ။

"ကဲ ဒါဆို သွားခွင့်ပြုပါဦး"

"အယ် ကျွန်တော့်ကြောင့်အနှောင့်အယှက်ဖြစ်သွားတာများလား"

Chocolate Cosmos (Complete)Where stories live. Discover now