အပိုင်း - ၂၇

4.6K 453 92
                                    

Unicode

"မသောက်ချင်ဘူး"

ပေကပ်ကပ်နဲ့နှုတ်ခမ်းဆူပြီးပြောတဲ့အခါ ၀င့်ခနဲရောက်လာတဲ့ မောင့်မျက်စောင်းကြောင့် အသံလေးတိတ်ပြီး ထမင်းစားစားပွဲပေါ်မှာရှိတဲ့ ဆန်ပြုတ်ကို မသောက်ချင်သောက်ချင်နဲ့ သောက်ရတော့တယ်။

"တစ်ခြားဟာလေးဆိုကောင်းမှာကို"

ခပ်ညည်းညည်းပြောတော့ မောင်က ထယ်ယောင်းရဲ့ပါးတွေကို လာဖျစ်ညှစ်တယ်။

"ကြည့်စမ်း။ သိပ်ပိန်သွားတာပဲ။ အခုတစ်လော အစားကောင်းကောင်းမစားဘူးလား"

"အင်း စားချင်စိတ်တွေမရှိတာရယ်၊ မစားချင်တာရယ်နဲ့ပေါင်းပြီး .."

"အဲ့သလို လုပ်လို့မရဘူးလေ။ မင်းဟာ သိပ်ဆိုးပါလား ထယ်ယောင်းရယ်။ အမြဲတမ်းထိန်းပေးမဲ့သူရှိမှ"

"ကျွန်တော်က ကလေးမဟုတ်ပါဘူးနော်"

"ဟော .. ဒါကမှ ကလေးမဟုတ်ရင် ဘယ်သူက ကလေးဖြစ်ဦးမှာလဲ"

ထယ်ယောင်းကို ကလေးလေးလိုထွေးပွေ့မတတ်ဖြစ်နေတဲ့မောင့်ကြောင့် ထယ်ယောင်းမျက်နှာလေး ပြုံးသွားတုန်း ...

"အဟင်း ဟိုဟာလေ အကိုတို့။ ကျွန်တော်က ကလေးပါဗျ"

ရုတ်တရက်ထွက်လာတဲ့အသံတစ်ခုက ဟိန်းခနဲ။ ထယ်ယောင်းမှာလန့်ဖြန့်သွားပြီး နီးကပ်နေတဲ့မောင့်ရင်အုပ်ကြီးကို တွန်းလွှတ်လိုက်မိတယ်။ မောင်ဟာလည်း ဖရိုဖရဲတွေဖြစ်ပြီး ထိုင်ရာကနေ မတ်တပ်တွေကောက်ရပ်လိုရပ်နဲ့ပါပဲ။

"အာ .... ကျွန်တော်နိုးလာတုန်း ဘယ်သူ့အိမ်ရောက်နေလဲမသိတော့ လျှောက်ပတ်ကြည့်နေတုန်း ထမင်းစားခန်းထဲကအသံကြားလို့ ဒီဘက်လျှောက်လာမိတာဗျ။ စောနက ကလေးဆိုတာ ကျွန်တော့်ကိုပြောတာလားဗျ"

"အော် .... အေးအေး"

နှစ်ယောက်သား ယောင်တောင်ပေါင်တောင်နဲ့ခေါင်းတွေငြိမ့်မိတယ်။ ဘယ့်နှယ် ကလေးရှေ့ ရှက်စရာကောင်းအောင်။

"အကိုက ထယ်ယောင်းမလား။ အရင်က ကျွန်တော်တို့ဆီ ဂျောင်ကုဟျောင်းခေါ်လာဖူးတယ်လေ"

Chocolate Cosmos (Completed)Where stories live. Discover now