အချပ်ပို - ၂

4K 399 131
                                    

Unicode

"ဆိုတော့ကာ ကိုရီးယားကို လုံး၀ပြန်မလာတော့ဘူးပေါ့"

နမ်ဂျွန်းဟျောင်းရဲ့စကားကြောင့် jasmine tea ကိုတစ်ငုံသောက်ရင်း ဂျောင်ကုပြုံးလိုက်မိတယ်။ မွှေးရနံ့သင်းသင်းက လျှာဖျားထက်လွှမ်းခြုံရစ်ပတ်ကာ နှလုံးသားတစ်ခုလုံးကို နွေးထွေးသွားစေသလို။

တော်လှန်ရေးကာလပြီးဆုံးသွားတဲ့နောက် မတွေ့တာကြာပြီဖြစ်တဲ့ဂျောင်ကုဆီ နမ်ဂျွန်ဟျောင်းနဲ့ ဟိုဆော့ဟျောင်းတို့က အလည်လာခဲ့ကြတယ်။ စာရေးတဲ့အခါတိုင်း 'ကိုရီးယားကို ခဏတဖြုတ်တော့ ပြန်လာခဲ့ပါကွာ' လို့ ပြောနေကြပေမဲ့ သူ့ဘက်က ခေါင်းမာမာနဲ့ငြင်းခဲ့တာကြောင့် မနေနိုင်တဲ့အဆုံး ဟျောင်းတွေကပဲ ရောက်လာပုံပေါ်ပါတယ်။

အိမ်တံခါး၀တည့်တည့်မှာ ငုတ်တုတ်ထိုင်ရင်း သားငယ်လေးတွေကို ချော့မြူနေတဲ့ ထယ်ယောင်းရဲ့ပုံရိပ်လေးဆီ အကြည့်ရောက်သွားတယ်။

ကြင်နာစွာထွေးပွေ့ထားချင်စရာ သက်ရှိကလေး။ ဒါလေးဟာ သူ့ကမ္ဘာပါ။ ပြုံးပျော်နေတဲ့မျက်နှာလေးကိုမြင်တိုင်း တစ်ချိန်က နာကျင်မှုတွေပြည့်နှက်နေတဲ့နေရာဆီ ပြန်မခေါ်သွားရက်။ ထယ်ယောင်းဟာ အခုသူ့အချစ်တွေကြောင့် ပျော်နေပါပြီ။

"ဟျောင်းတို့ သူ့ကိုကြည့်ပါဦး"

ထယ်ယောင်းဆီလက်ညှိုးထိုးပြလိုက်တာကြောင့် နမ်ဂျွန်းဟျောင်းရော၊ ဟိုဆော့ဟျောင်းပါ လှမ်းကြည့်ကြတယ်။

"ဒီလိုပျော်နေတဲ့သူ့မျက်နှာလေးကိုမြင်ရဖို့ ကျွန်တော်ဘယ်လောက်တောင် စောင့်ဆိုင်းခဲ့ရသလဲ။ ကိုရီးယားဟာ ထယ်ယောင်းရဲ့မွေးရပ်မြေဆိုတာမှန်ပေမဲ့ သူက Mazamitla ကို တွယ်တာနေပါပြီ။ ရေတံခွန်တွေ၊ သစ်တောတွေ၊ မြေနီလမ်းတွေ၊ cosmos တွေ အရာအားလုံးကိုပဲ။ ပြီးတော့ ကျွန်တော်တို့မှာ သားငယ်လေးတွေရှိနေပြီ။ ဒါက ကျွန်တော်တို့တည်ဆောက်ထားတဲ့ အိမ်ကလေးပါ။ အဲ့ဒါကြောင့် ထယ်ယောင်းကို ဒီအိမ်ကလေးကနေ ထွက်ခွာခွင့်မပေးနိုင်ဘူး ဟျောင်းတို့ရယ်"

စိတ်မကောင်းဖြစ်သွားကြမယ်ဆိုတာ တွေးမိပေမဲ့ ဂျောင်ကုမျက်နှာပဲလွှဲမိပါတယ်။ Mazamitla မှာ စတင်အခြေချချချင်း အိပ်မက်ဆိုးတွေကြားထဲ ရုန်းကန်ခဲ့ရတဲ့ထယ်ယောင်းလေးကိုကြည့်ရင်း သူ့ရင်တွေဘယ်လောက်နာခဲ့ရလဲဆိုတာ ဘယ်သူမှသိကြလောက်မှာမဟုတ်။

Chocolate Cosmos (Completed)Where stories live. Discover now