အပိုင်း - ၂၅

4.5K 462 31
                                    

Reminder

This part contains a little warning, just a little. But if you don't like, please skip.

Unicode

"ကျစ်"

စုတ်တချက်သတ်လိုက်ပြီး ပြတ်ရှဒဏ်ရာပေါ် အရက်ပြန်ကိုအုံရင်း နှုတ်ခမ်းတွေကိုဖိကိုက်လိုက်ရတယ်။

လာရာလမ်းတစ်လျှောက် သွေးစတွေကျန်ခဲ့တာ‌ကိုတွေးမိတော့ သူ့ခေါင်းတွေကိုက်ချင်ချင်။ ကုတင်ခြေရင်းကိုမှီရင်း အသက်၀၀ရှုပေမဲ့ နာကျင်မှုက သိပ်တော့သက်သာမနေ။

ချွေးစေးတွေပါထွက်လာရင်း သွေးချင်းချင်းရဲနေတဲ့ဒဏ်ရာကို ဒီအတိုင်း ပတ်တီးနဲ့ပဲအုပ်လိုက်မိတယ်။ ရှပ်ထိသွားရုံဆိုပေမဲ့ သွေးပူနေတာကြောင့် သွေးစကတစိမ့်စိမ့်ထွက်တုန်း။

မျက်နှာကျက်ကိုမော့ကြည့်ရင်း အတွေးတွေကယောင်ချာချာ။ လူတွေက နေမကောင်းဖြစ်ရင် အလိုလို၀မ်းနည်းလာတတ်ကြတာလား။ ဂျောင်ကုရဲ့စိတ်ကတော့ ၀မ်းနည်းတာထက် သိမ်ငယ်နေတဲ့ဘက်ခြမ်းဆီ ပိုရောက်မလားပဲ။

သူက သိပ်တော့ဖျားလွယ်၊ နာလွယ်တဲ့လူမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါတစ်လေ အဖျားပိုးရဲ့တိုက်ခိုက်ခြင်းကိုခံရတဲ့အခါတိုင်း မေမေကအမြဲတမ်းပြုစုပေးခဲ့တာ။ ရင်ခွင်ထဲထွေးထွေးပွေ့ပွေ့ထားပေးတဲ့အချိန်မှာဆို သူဟာ ကလေးလေးတစ်ယောက်လိုပါပဲ။ ဖျားတဲ့အခါမှသာ အထွေးပွေ့ခံတဲ့သူကို မေမေက 'မပြောကောင်းပေမဲ့ သောမက်စ်ဂျွန်တို့ အမြဲဖျားရင် သိပ်ကောင်းမှာပဲ' လို့ ရွတ်နောက်နောက်စတဲ့အခါ တစ်မိသားစုလုံး သဘောတကျရယ်တတ်ကြတယ်။

မှိုင်းပြနေတဲ့အခန်းကြီးက ဂျောင်ကုအတွက်တော့ သုသာန်တစပြင်လို။ ဒီအခြေအနေတွေကို မြန်မြန်ပြီးချင်နေပြီ။ သူရုန်းထွက်ချင်နေပြီ။ အထီးကျန်စိတ်‌တွေက နှလုံးသားကိုအောင့်မျက်နာကျင်ရင်း မျက်ရည်ဝဲစေတယ်။

မေမေ့ကိုလွမ်းတယ်။ ‌ဖေဖေ့ကိုလည်းလွမ်းတယ်။ အနားကိုလိုက်ကပ်ချင်နေတဲ့ ပိုးဟပ်ဖြူကိုလည်းလွမ်းတယ်။ ပြီးရင် နီးရက်နဲ့ဝေးနေတဲ့ တစ်ဖက်အခန်းကအကြင်နာလေးကိုလည်း လွမ်းပါတယ်။

ထယ်ယောင်းရှိတဲ့အချိန်ဆို သူ့နေ့ရက်တွေမှာ အိပ်မက်ရိုင်းတွေကင်းတယ်။ သူက မိသားစုနဲ့ဆို စည်းတစ်ခုခြားတတ်တဲ့လူဆိုပေမဲ့ ထယ်ယောင်းနဲ့ပတ်သတ်ရင်တော့ စည်းလွတ်ဘောင်လွတ်တိုး၀င်ချင်မိတဲ့ အရူးတစ်ယောက်ပါပဲ။ ဒီလိုနဲ့ တစ်စုံတစ်ယောက်ရဲ့ကမ္ဘာထဲကျူးကျော်မိတဲ့သူဟာ ခြောက်ခြောက်သွေ့သွေ့နေလာခဲ့ရတဲ့ ဘ၀ကြီးကို နေသားမကျသလိုဖြစ်လာတယ်။

Chocolate Cosmos (Completed)Where stories live. Discover now