အချပ်ပို - ၁

5.1K 433 67
                                    

Unicode

"ဟော ချွေးတွေပါထွက်ကုန်ပြီ"

နီမြန်း‌ရဲထွေးနေတဲ့ ထယ်ယောင်းရဲ့မျက်နှာလေးဟာ Tacos ရဲ့ ပူပြင်းပြင်းအစပ်ကြောင့် ချွေးမှုန်စတွေနဲ့ တလဲ့လဲ့။ နှုတ်ခမ်းသားလေးတောင် ထူပိန်းပိန်းဖြစ်လာသလို။

လက်ဖမိုးနဲ့ နှဖူးပေါ်က ချွေးစက်လေးတွေကို သုတ်ဖယ်ပေးလိုက်တော့ ပြည့်အင့်အင့်ပါးပြင်လေးတွေ မို့တက်သည်အထိ ပြုံးလာပြန်ရဲ့။

အတူတူရှင်သန်လာရတဲ့နေ့ရက်တွေမှာ ထယ်ယောင်းလေးဟာ ချစ်ခြင်းတရားတွေကြား ပျော်မွေ့နေပုံပါပဲ။ သူချက်ကျွေးတာတွေအပြင် အယ်လာရဲ့ မေတ္တာအဖြာဖြာနဲ့ ဖုတ်ပေးတဲ့မုန့်တွေကိုပါ စားရတာကြောင့် မျက်နှာနုနုလေးမယ် အိအိထွေးထွေးဂျုံလုံးလေးလို ဖောင်းဖောင်းကစ်ကစ်ဖြစ်လာတယ်။

ဒီကောင့်ရဲ့ရင်မှာ အပျော်တွေနဲ့ပြည့်တဲ့အချိန်ပါပဲ။

ပူပန်စရာတွေကုန်သွားတဲ့ သူတို့နှစ်ယောက်ရဲ့ဘ၀နေ့ရက်တွေက ပိုမိုသာယာလာဖို့ပဲရှိတော့တယ်လို့ သူယူဆမိတယ်။ မေတ္တာတွေ၊ အကြင်နာတွေနဲ့ နှောင်ဖွဲ့ထုံးထားတဲ့ သူတို့ရဲ့အိမ်ကလေးဟာ အဘယ်လိုများ ပြိုကျနိုင်ပါ့မလဲ။

"မောင် .. ထရေစီတို့ပန်းဆိုင်က ရောက်ဖို့လိုသေးတယ်နော်"

မျက်လုံးလေးတွေဝိုင်းပြီး ခပ်လေးလေးညည်းတယ်။ လမ်းမလျှောက်ချင်တော့ဘူးဆိုတာကို မပြောပေမဲ့ သူအတပ်သိလိုက်ပါတယ်။

ကျေနပ်သဘောကျစွာ ရယ်မောပြီး ပါးပြင်အိအိလေးကို နမ်းရှိုက်ရင်း ဘုရင်လေးအရှေ့မှာ ဒူးထောက်တော့ ပျော်ပျော်ကြီး သူ့ကျောပေါ်တက်လာတယ်။ နင့်ထွေးနေတဲ့ ကိုယ်လုံးလေးက နွေးညက်ညက်။

ခြေသလုံးသားလေးတွေက သူ့ခါးတစ်ဝိုက်ကို နွယ်လာတယ်။ လက်ဖျံလေးတွေနဲ့ လည်တိုင်ကိုသိုင်းဖက်ပြီး သူ့ပါးကို တရွတ်ရွတ်နမ်းပါတော့တယ်။

"ဝိုး ...."

အော်မြည်သံတွေတသဲ့သဲ့။ သောင်းသောင်းဖျဖျမြည်နေတဲ့ လက်ခုပ်ဩဘာတွေက သူတို့ရဲ့မေတ္တာတွေကို ဂုဏ်ပြုတယ်။ ကျောက်ခင်းလမ်းတစ်လျှောက်မှာ သူ့အပြုံးတွေက ချိုမြမြ။

Chocolate Cosmos (Completed)Where stories live. Discover now