သက်ဆိုင်သော

3.6K 384 74
                                    

Unicode

ဩဂုတ် (၇) ရက် (၂၀၂၂) မှာ စတင်ခဲ့တဲ့ chocolate cosmos လေးဟာ နို၀င်ဘာ (၈) ရက် (၂၀၂၂) မှာ ပြီးဆုံးသွားခဲ့ပါပြီ။

သုံးလနဲ့ တစ်ရက်အထိ ကြာရှည်ခဲ့တဲ့အချိန်တွေပါပဲ။

ပထမဆုံး fiction ကို heavy ဖြစ်တဲ့ plot နဲ့ စမိလိုက်တဲ့အတွက် နည်းနည်းတော့ ပင်ပန်းသွားခဲ့ရပါတယ်။ ongoing လိုက်ပေးတဲ့လူတွေကိုရော၊ ဖတ်ပေးခဲ့တဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။

ကြိုးစားမှုသေးသေးလေးဆိုပေမဲ့လည်း အားအင်တွေပါပဲ။

တစ်ကယ်တော့ plot ချခဲ့တာ လွန်ခဲ့တဲ့နှစ် နို၀င်ဘာလမှာပါ။ Flowers ဆိုတဲ့ပေခ်ျ့မှာ chocolate cosmos ရဲ့ အဓိပ္ပာယ်ကိုဖတ်မိခြင်းက စတာပေါ့။ အဲ့ကတည်းက ဇာတ်သိမ်းကို အခုလိုမျိုး သိမ်းမယ်လို့ တွေးထားတာပါ။ ပန်းခင်းထဲ တစ်ယောက်နဲ့တစ်ယောက် ချစ်တဲ့အကြောင်း တဖွဖွပြောနေတဲ့ ကလေးနှစ်ယောက်ပုံရိပ်ကို တန်းမြင်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း အခုမှသာ ရေးခဲ့ရတာပါ။ အစစ်အမှန်ဖြစ်ခဲ့တဲ့ သမိုင်းတွေမို့ လက်တည့်စမ်းလောက်ရုံနဲ့ မရေးချင်ပါဘူး။ သမိုင်းကြောင်းကိုလည်း မပျက်စေဖို့ ဇာတ်ကောင်အချို့နဲ့ အကြောင်းအရာအချို့ကို ထပ်ပေါင်းထည့်ရုံကလွဲပြီး မေ (၁၈) အရေးတော်ပုံက ဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ လိုအပ်ချက်တွေနဲ့ အမှားတွေရှိမှာကိုသိတဲ့အတွက် ကြိုတင်တောင်းပန်အပ်ပါတယ်။

'သက်ဆိုင်သော' ဆိုတာဟာ တစ်ခြားတော့မဟုတ်ပါဘူး။ fiction နဲ့ဆက်စပ်ပြီး ချန်လှပ်ထားတဲ့ တစ်ချို့သော အကြောင်းအရာတွေကို အချက်အလက်အဖြစ် ပြန်လည်ထည့်သွင်းထားတာပါ။

(၁) ဂျောင်ကုတို့ Mazamitla ကို ထွက်သွားပြီး သိပ်မကြာခင်မှာပဲ တောင်ကိုရီးယားဟာ ဒီမိုကရေစီကို ပြန်လည်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ထယ်ယောင်းနဲ့ဂျောင်ကုတို့က ကိုရီးယားကို ဘယ်တော့မှပြန်မသွားခဲ့ကြတော့ပါဘူး။

(၂) ဖြစ်ခဲ့တဲ့ကိစ္စရပ်တွေကြောင့် ဂျောင်ကုမှာ hemophobia (သွေးအကြောက်လွန်ရောဂါ) ရသွားခဲ့ပါတယ်။

Chocolate Cosmos (Complete)Where stories live. Discover now