အပိုင်း - ၂၁

4.4K 448 56
                                    

Unicode

ဗီရိုထဲကနေ တစ်စုံတည်းရှိတဲ့ အနောက်တိုင်း၀တ်စုံကိုဆွဲထုတ်တဲ့အခါ မောင်ဟာ ကုတင်ပေါ်ကျောမှီရင်း မျက်ခုံးပင့်ကြည့်တယ်။

ထယ်ယောင်းကတော့ မသိချင်ယောင်ဆောင်ပြီးသာ လုပ်လက်စတွေကို ဆက်လုပ်နေရတာ။ နက်ကတိုင်စည်းဖို့ပြင်ပေမဲ့ အသက်ကြီးပုံပေါ်သွားမှာဆိုးလို့ ပြန်ချလိုက်တယ်။

မ၀တ်ဖြစ်တာ နှစ်နှစ်လောက်ရှိနေပြီဆိုပေမဲ့ ခန္ဓာကိုယ်က သိပ်မပြောင်းလဲလို့သာ တော်ရော့တယ်။ အမြဲတမ်းဖြစ်သလိုပစ်ထားတတ်တဲ့ ဆံပင်တွေကို နည်းနည်းသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်နေချိန်မှာတော့ မောင့်မျက်ခုံးတွေ တွန့်ချိုးလာပါတယ်။

"ဘယ်သူနဲ့တွေ့မှာမို့လို့ အဲ့သလောက်အထိ ပြင်ဆင်နေတာတုန်း ကင်မ်ထယ်ယောင်းလေးရဲ့"

မကျေနပ်ချက်တွေက အသံလှိုင်းထဲမှာပါတယ်။ ရှူတည်တည်မျက်နှာကြီးက ပြေးနမ်းချင်စရာကောင်းပေမဲ့ မနမ်းဖြစ်လိုက်။ အင်္ကျီတွေတွန့်ကျေသွားမှာစိုးတာကြောင့်။

"သူငယ်ချင်းတစ်ယောက်နဲ့ပါ။ ဒါနဲ့မောင် ကျွန်တော်ဒီနေ့ နည်းနည်းလေး သောက်လို့ရမလားဟင်။ နည်းနည်းလေးပါ ဟောဒီ့လောက်နည်းနည်းလေး"

လက်ညှိုးနဲ့လက်မကို ပဲစေ့ပမာဏလောက်လေးလုပ်ပြတော့ မောင်ဟာ ချက်ချင်းကုတင်ပေါ်ကထပြီး အ၀တ်တွေကောက်လဲတယ်။

ရှပ်အင်္ကျီကိုရုတ်တရက် ကောက်ချွတ်တော့ လက်ဖဝါးတွေနဲ့မျက်လုံးကို အလန့်တကြားကာမိရင်း ထယ်ယောင်းရဲ့ပါးပြင်လေးတွေဟာလည်း တဖြည်းဖြည်းပူနွေးလာတယ်။

"ဟေး အချစ်ကလေး။ ဒါတွေက မင်းအပိုင်ပါ။ လက်ကြီးနဲ့ကာမထားပါနဲ့"

"မောင် မောင်က တစ်ကယ်အရှက်မရှိဘူးပဲ"

"အို ကိုယ့်ကောင်လေးရှေ့မှာချွတ်တာ ရှက်စရာလား"

ရှက်ရှက်နဲ့အခန်းပြင်ထွက်တဲ့အခါ တဟားဟားအော်ရယ်နေတဲ့ မောင့်ရယ်သံကြီးက ကပ်ပါလာတယ်။ မောင်ဟာ ဆိုးလွန်းပါဘိ။

"သွားရအောင်"

"ဟင် ဘယ်သွားမှာလဲ"

"မင်းသူငယ်ချင်းဆီကိုလေ။ မောင်လည်းလိုက်ခဲ့မယ်။ ဘာလဲ .. မခေါ်ချင်ဘူးလား"

Chocolate Cosmos (Completed)Donde viven las historias. Descúbrelo ahora