အပိုင်း - ၁၀

6K 576 48
                                    

Unicode

ကျွတ်စိကျွတ်စိအသံတွေကြောင့် ကားပြတင်းမှန်ကို မှီအိပ်နေတဲ့ ထယ်ယောင်းမှာ လှုပ်လှုပ်ရှားရှားနဲ့ နိုးလာရတယ်။ အပေါင်းအဖော်တစ်ချို့ကို စောင့်ဆိုင်းနေဆဲလူတွေကတော့ ဆေးရုံ၀န်းထဲမှာ မိုးတိုးမတ်တပ်ရပ်နေကြတုန်း။ အသိ‌နဲ့တွေ့လို့ ကားပေါ်မှာနေရာယူတဲ့လူတွေလည်းရှိပေမဲ့ ထယ်ယောင်းတစ်ယောက်သာ ယောင်တောင်ပေါင်တောင်။

တစ်ယောက်တည်းနေရတာဟာ ပျင်းဖို့ကောင်းပေမဲ့ နားအေးပါတယ်။

ဖွံ့ဖြိုးမှုအနည်းငယ်နည်းပါးတဲ့ရွာလေးမို့ ဌာနတော်တော်များများက ဆရာ၀န်တွေက ကျန်းမာရေးလုပ်အားပေးဖို့ လိုက်ပါလာကြတယ်။ အရိုးဌာန၊ မျက်စိဌာန၊ သားဖွားမီးယပ်၊ ကလေးကျန်းမာရေး၊ အာရုံကြောဌာနအပြင် ထယ်ယောင်းတို့ အရေးပေါ်ဌာနအထိပါ ပါတာကြောင့် လူတွေက ခပ်များများ။

ဆယ့်ငါးမိနစ်လောက်ကြာတဲ့အခါ နေရာလွတ်တွေမရှိတော့သလောက်ဖြစ်ပေမဲ့ ထယ်ယောင်းဘေးနားက ခုံမှာတော့ လူလွတ်နေဆဲ။ House Surgeon တွေစီးတဲ့ကားနဲ့ Assistant Surgeon တွေစီးတဲ့ကားဆိုပြီး ခွဲခြားလိုက်တာကြောင့် အရင်းနှီးဆုံးလို့ပြောရမယ့် ဂျီဟွန်းနဲ့လည်း အတူမထိုင်ရ။

မျက်စိမှိတ်ရင်း ပြန်အိပ်မယ်ကြံတော့ ဒုဆေးရုံအုပ် ဂျောင်ဟိုဆော့ရဲ့အသံဟာ ခပ်နက်နက်ထွက်လာတယ်။

"ကျွန်တော်နဲ့အသိ ပရဟိတအသင်းသားတွေလည်း ရောက်ပြီမို့ ကားစထွက်ပါတော့မယ်။ ကြေငြာစရာလေးတစ်ခုလည်းရှိပါတယ်။ လုပ်အားပေးမယ့်လူတွေဟာ ကျွန်တော်တို့ဂွမ်ဂျူအမျိုးသားဆေးရုံကလူတွေနဲ့ပေါင်းရင် ထင်ထားတာထက် များသွားတာမို့ အခုသွားမယ့်ရွာအပြင် အနီးအနားက ရွာတစ်ချို့ကိုပါ အဖွဲ့ခွဲရင်း လုပ်အားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ရုတ်တရက်ဆုံးဖြတ်ချက်မို့လည်း အားနာမိပါတယ်။ ကန့်ကွက်မယ့်သူရှိပါသလားခင်ဗျ"

ကောင်းမွန်တဲ့အလုပ်ဖြစ်တာမို့ ကန့်ကွက်မယ့်သူမရှိ။ ထောက်ခံသံတွေသာ အစီအစဉ်မကျစွာထွက်လာတယ်။

"ဒါဆို သွားကြတာပေါ့ဗျ"

စကားအဆုံး ကားတံခါးပိတ်မယ့်အချိန်မှာ ရုတ်တရက်ကြီး တိုး၀င်လာတဲ့ ဖြူလွလွအရိပ်ကလေး။ ထယ်ယောင်းအပါအ၀င် ကားပေါ်ကလူတွေအကုန်လန့်ဖြန့်သွားတယ်။ တစ်ကယ့်ကိုမှ ကားတံခါးနဲ့ညပ်တော့မယ့်အချိန် ကပ်သီးလေးလွတ်သွားတာ။

Chocolate Cosmos (Completed)Where stories live. Discover now