အပိုင်း - ၃၀

5.3K 445 88
                                    

Unicode

တဒုန်းဒုန်းတဒိုင်းဒိုင်းမြည်သံတွေကြောင့် ဂျောင်ကုရဲ့မျက်လုံးတွေက အလိုလိုဆတ်ခနဲပွင့်လာရတယ်။ နံဘေးက ဆိုင်သူလေးဆီလက်လှမ်းမိချိန် လစ်ဟာနေတဲ့အထိအတွေ့ကြောင့် လူဟာအလိုလိုကုန်းရုန်းထမိတော့တာ။

ထယ်ယောင်းဟာရှိမနေပါ။

နှလုံးသားထဲ မီးအမြှိုက်ခံလိုက်ရသလို ဖျင်းတင်းပူလောင်သွားတယ်။ အမှတ်တရလို့မပြောနိုင်တဲ့ ပူနွေးနေဆဲအတိတ်တွေကြောင့် ဂျောင်ကုဟာ ယခုထိတိုင် စိတ်လွတ်လက်လွတ်မပျော်ရဲသေး။

ပြင်းရှခဲ့ဖူးတဲ့ ဒဏ်ရာတွေဟာ သူ့နှလုံးသားကိုထပ်မံရိုက်ခတ်လာမှာကိုကြောက်မိတယ်။ ကင်မ်ထယ်ယောင်းကို ဆုံးရှုံးရမှာ သိပ်ကြောက်မိပါတယ်။

*ဝုန်း

ပြုတ်ကျသံဂလုံဂလွမ်ကြောင့် ဂျောင်ကုရဲ့ခြေလှမ်းတွေက အပြင်ကိုရောက်နှင့်နေပြီးသား။ အိပ်ခန်းနဲ့သိပ်မလှမ်းတဲ့ မီးဖိုချောင်ထဲက အိုးခွက်တွေဟာ အပြိုပြိုအလဲလဲ။

"ဟော မောင့်"

ကြည်စင်နေတဲ့မျက်နှာဖူးနုနုကိုမြင်မှ သက်ပြင်းနာနာရှိုက်မိရင်း နှလုံးသားကောင်းကင်မှာ အုံ့စိုင်းညှို့မှိုင်းနေတဲ့ တိမ်လိပ်တိမ်စိုင်တွေကလည်း ပျောက်ချင်းမလှပျောက်ကွယ်လို့သွားတယ်။

ကင်မ်ထယ်ယောင်းဟာ ဒီလိုလေပြည်ကလေးဖြစ်ပါတယ်။

"မောင့်ထယ်ယောင်းလေးက ဘာတွေများလုပ်နေသလဲ"

အိပ်ရေး၀ပုံရတဲ့ မျက်နှာအင့်အင့်လေးဟာ ရေအဖြန်းပက်ခံလိုက်ရတဲ့ဂန္ဓမာတွေလို ပြုံးမြလန်းဖြာလာတယ်။

ချစ်စရာ .. ချစ်စရာ

စိတ်ထဲမှာ တိတ်တိတ်ကလေး ရေရွတ်မိတော့တာ။

ဒဏ်ရာအရှိန်ကြောင့် ပိန်သေးသေး‌ဖြစ်သွားတဲ့ အချစ်ကလေးက သူ့ရဲ့တီရှပ်ပွပွတွေကိုပဲ နှစ်နှစ်ခြိုက်ခြိုက်၀တ်ဆင်လေ့ရှိတယ်။ အရင်ကဆို အနေတော်လောက်ဖြစ်ပေမဲ့ အခုတော့ဖြင့် ထယ်ယောင်းဟာ လူကြီးအ၀တ်ကိုဆင်မြန်းပေးခံထားရတဲ့ ကလေးသေးသေးလေးနဲ့တူနေပါတော့တယ်။

Chocolate Cosmos (Completed)Where stories live. Discover now