အပိုင်း - ၆

6.3K 605 38
                                    

Unicode

ဒီနေ့ ထယ်ယောင်းကံဆိုးနေပါတယ်။ မနက်မိုးလင်းကတည်းက ဖြစ်လိုက်တဲ့ပြသနာပေါင်းသောင်းခြောက်ထောင်။ ဂျောင်ကုရဲ့ဘာမှန်းမသိတဲ့အလုပ်ကြောင့် ဆေးရုံကို ကိုယ့်အားကိုယ်ကိုးပြီး သွားတဲ့အခါမှ အိပ်ရာထနောက်ကျလိုက် ဘက်စ်ကားကိုမမှီလိုက်နဲ့ဖြစ်နေတယ်။

တက္ကစီခကုန်ပြီး ဆေးရုံရောက်တော့လည်း SAS မမက အငယ်တွေကိုဘယ်လိုသင်ပြထားလဲဆိုပြီး ဆီးကာဆူတော့တယ်။ House Surgeon တွေကို အိမ်စာပေးလိုက်တဲ့ Report တွေ အချိုးမပြေရာက စပါတယ်။ ဘာမဆိုင် ညာမဆိုင်နဲ့ ထယ်ယောင်းမှာလှိမ့်ပိန့်ပြီး အပြောခံရတယ်။

ထယ်ယောင်းရဲ့အမှားဆိုလို့ ဒီတစ်ပါတ်လုံးအလုပ်တွေရှုပ်နေတာကြောင့် သူတို့ မေးသမျှကို ကောင်းကောင်းမဖြေပေးနိုင်တာပဲရှိတာ။ ကျန်တဲ့ AS တွေကို ကလေးတွေက သွားမေးပြန်တော့လည်း 'မင်းတို့ကောင်တွေ ဒါလေးတောင်မသိဘူးလား' ကနေ အစချီပြီး 'ဒီလိုအရည်အချင်းနဲ့ ဘယ်လိုဆရာ၀န်ဖြစ်လာကြသလဲ' ဆိုပြီးအဆုံးသတ်လိမ့်မယ်။

ဒါကြောင့် ကလေးတွေကလည်း မသိတာကို သိသလိုနဲ့ ရေးပြီးတင်လိုက်ရပုံပါပဲ။

SAS မမရဲ့ရုံးခန်းထဲက ထွက်လာတဲ့ထယ်ယောင်းရဲ့မျက်နှာက သိပ်မကောင်းတော့ ပိစိတွေရဲ့မျက်နှာတွေကလည်း ဇီးစေ့လောက်ပဲရှိတော့မလို။

"Report လေးတွေလာပြကြ"

"ဆရာ ကျွန်တော်တို့ တောင်းပန်..."

"ကဲ တောင်းပန်တာကိုနောက်မှလုပ်ပါကွာ။ မှားတဲ့နေရာတွေ ပြင်တာကို ဒီနေ့ပြီးအောင်လုပ်မှ မနက်ဖြန် deadline ကို မင်းတို့မှီမှာ။ မဆူတာမို့လို့ ဘယ်နေရာမရှင်းလဲ ပြကြနော်"

ချော့ပြောရင်း ကလေးအုပ်လိုက်ကြီးကိုခေါ်ပြီး နားနေခန်းဆီ ထွက်လာရတယ်။

မှားနေတဲ့နေရာကိုထောက်ပြရင်း ပြင်ခိုင်းလိုက်၊ ပြင်ပြီးတာကို ဖတ်လိုက်နဲ့ တစ်နေ့လုံး ထယ်ယောင်းမှာ ဒီအလုပ်နဲ့ပဲ သံသရာလည်သွားပါတယ်။

"ဆရာဒီနေ့ အများကြီးအဆူခံရလား"

အမှားအနည်းဆုံးဖြစ်တာကြောင့် ပြင်ဆင်ခြင်းကို စောစောပြီးသွားတဲ့ House Surgeon လေး လီဂျင်ဆော့က ထယ်ယောင်းကိုမေးလာတယ်။ အသည်းအသန် အမှားကိုကုန်းရုန်းပြင်နေတဲ့ တစ်ခြားကလေးတွေလည်း ခေါင်းလေးတွေထောင်လို့။

Chocolate Cosmos (Completed)Donde viven las historias. Descúbrelo ahora