Ep1

1.3K 28 4
                                    

Build Pov

မိဘတွေနဲ့အတူနေပင်မယ့် သူငယ်ချင်းတွေဖြစ်တဲ့ Po,Us နဲ့Ptongတို့နဲ့အတူ fashion shopလေးတခုဖွင့်ထားတယ် ၊graphic designerဖြစ်ပင်မယ့် ကိစ္စလေးတခုကြောင့် အဲ့ career ကိုခနရပ်ထားပြီး ခရီးထွက်လိုက်၊shoppingထွက်လိုက်, fanboyလုပ်လိုက်နဲ့ဘဲ ဘဝကိုဖြတ်သန်းဖြစ်နေတာများတယ်
(အဲ့ဒါလဲသူငယ်ချင်းတွေကြောင့်ဘဲ အလေလိုက်တာအကျင့်ပါသွားတာ တခါ‌တလေသူတို့မပါတောင်တယောက်တည်းသွားတတ်နေပြီ ) ပြောသာပြောရတာ ငါဘဝရဲ့ပျော်စရာတစိတ်တပိုင်းကသူတို့ဖြစ်နေတာပါဘဲ ။

ခုလဲ Ptong ရဲ့ချစ်သူPongရဲ့မြို့ကိုအလည်သွားဖို့ဖြစ်လာပြန်ပြီ

'Ptong ဒီတခေါက်တော့buiမလိုက်တော့ဘူးနော်
အပြင်ထွက်တာတအားများနေလို့ အမေကပြောနေပြီ အိမ်လေးဘာလေးကပ်ဖို့ကို '

'လုံးဝမရဘူးနော် Ai bui ငါခေါ်ရင်အမြဲငြင်းနေတာ ဟိုUsတို့ခေါ်ရင်များနှစ်ခါခေါ်စရာကိုမလိုဘူးနော် ဘာလဲငါကအသက်ကြီးလို့ နင်တို့လိုလူငယ်တွေနဲ့မယှဉ်နိုင်ဘူးထင်တာလား'

စပါပြီသူရဲ့ဓာတ်ပြားဟောင်းကြီး မငြင်းမိလိုက်နဲ့။
Ptongကိုနိုင်တဲ့ချစ်သူပေါ်ပါစေဆုတောင်းမိပါရဲ့ buiတို့ဆုတောင်းရင်ဘယ်တော့မှမပြည့်သလိုဘဲ Ptongရဲ့ချစ်သူ pongကနိုင်ဖို့မပြောနဲ့ ကြောက်လိုက်တာများတုန်နေတာဘဲ တခွန်းဆိုတခွန်းပြန်ခံမပြောရဲဘူးခုလဲကြည့်

'Pbuiရယ်လိုက်ခဲ့လိုက်ပါ မလိုက်မချင်းသူကခေါ်နေမှာနော် ဘာလဲPbuiကတနေ့လုံးနားငြီးတာခံနိုင်လို့လား'
Pongပြောတာလဲမှန်တာဘဲ ငြင်းလဲဘယ်တုန်းကရဘူးလို့လဲ
'Okayလေ Pတို့ကဘယ်တော့သွားမှာလဲ နက်ဖြန်ဆိုbuiမအားဘူးနော်'

'နက်ဖြန်မဟုတ်ပါဘူး သဘက်ခါမှစသွားမှာပါ လိုက်ခဲ့မယ်မလား ဟိုမှာကအရမ်းလှတာနော် တောင်တန်းလေးတွေများစိမ်းစိုပြီးသာယာနေရော selfie အဝဆွဲလို့ရတယ် '
အမျိုးမျိုးမြူဆွယ်နေပါပြီ ဒီလိုဆိုသိလိုက်ပြီ ဒါနောက်ဆုံးသတိပေးပြီးခေါ်နေတာဘဲ ဒါတောင်ထပ်ငြင်းရင်တော့ Pဒေါသမီးကို ရေမပြောနဲ့သိကြားမင်း မိုးရွာချတောင်ငြိမ်းမှာမဟုတ်တော့ဘူးဆိုတာ

Heartbeat Where stories live. Discover now