အပိုင်း (၂၀)

Start from the beginning
                                    

“ ဟုတ်ပါတယ် အဘွားတော် ၊ မနက်ပိုင်းမှာ ပြဇာတ်ရုံဖွင့်ပွဲလ်ုပြီး ညပိုင်းမှာ ပြဇာတ်နဲ့ဖျော်ဖြေဖို့ လုပ်ထားပါတယ် ”

“ နောက်ဆုံးတော့ မိုးနှောင်းတစ်ရာစံအိမ်ကြီးက လူတွေနဲ့စည်စည်ကားကားပြန်ဖြစ်လာခဲ့ပြီ ”

နှစ်ပေါင်း ၂၀ ကျော်ကြာ တိတ်ဆိတ်ငြိမ်သက်နေသောမိုးနှောင်းတစ်ရာစံအိမ်ကြီးသည် မကြာသော ရက်တွင် ပြန်လည်၍ စည်ကားလာတော့မည်။ တစ်ဖန်ပြန်၍ လူသိများလာတော့မည်။ မိုးနှောင်းယာတို့၏ မျိုးရိုးပြန်၍ ထင်ပေါ်ကျော်ကြားလာတော့မည်။
အဘွားတော်နှင့်သူသည် စကားတပြောပြောဖြင့် အိမ်ဘက် သို့ ပြန်လျှောက်လာခဲ့တော့၏။

အချိန်ကာ ညနေစောင်းနေဝင်ရီတရောအချိန်လေးပင်ဖြစ်၏။ မိုးနှောင်းယာသည် စာကြည့်ခန်းထဲတွင် ထိုင်၍ ပြဇာတ် စာသားများကို အကဲခတ်နေလေ၏။

“ ဒေါက် ...ဒေါက် ”

တံခါးခေါက်သံကထွက်ပေါ်လာ၏။ဒေါ်ဒေါ်မြ နွားနို့လာပို့သည်ထင်။

“ ဝင်ခဲ့လေ ”

မိုးနှောင်းယာသည် အသံပေးလိုက်၍ ပြဇာတ်စာသားတွေဆီသို့သာ အာရုံပြန်လွှဲလိုက်၏။ သူ၏ ခွင့်ပြုချက်ကိုရသည်နှင့် အစောက တံခါးခေါက်နေသော သူသည် အခန်းထဲသို့ဝင်လာလေ၏။
ထိုသူဝင်လာသည်နှင့်  ခပ်အီအီ အမွှေးနံ့တစ်ချို့ကိုရလိုက်၏။ မိုးနှောင်းယာသည် နှားခေါင်းထဲသို့တိုးဝင်လာသော အမွှေးနံ့အား သေချာရှူကြည့်လိုက်မိသောအခါ အနောက်တိုင်းဆီမှ လာသည့် ရေမွှေးနံ့ဖြစ်နေသည်ကို သိလိုက်ရ၏။ ထို့ကြောင့် ပြဇာတ်စာသားတွေကို အာရုံ စိုက်နေရာမှ ခေါင်းကို မော့ကြည့်လိုက်၏။

“ ဟင် ညီမမေရီ! ”

“ ဟင်း ..ဟင်း ဟုတ်ပါတယ်ရှင် ”

“ ဒီကို ဘယ်လိုရောက်လာတာလဲ ၊ ကိုယ်မခေါ်မိပါဘူး ”

“ ဒေါ်ဒေါ်မြ အစား နွားနို့လာပို့ပေးတာပါရှင် ၊ အကိုမိုးနှောင်းက နွားနို့သောက်တယ် ‌ဆိုလို့ ”

“ ဒီလိုဆိုတော့လည်း ထားခဲ့လိုက်ပါ ၊ နောက်‌ဆို ကိုယ်ကမခေါ်ဘဲ မလာပါနဲ့ ညီမမေရီ၊ သွားလို့ရပါပြီ ”

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now