အပိုင်း (၁၆)

Start from the beginning
                                    

“ ဟုတ်ကဲ့ မှတ်ထားပါ့မယ် ကိုနဂ္ဂမိုး ”

“ မင်း ကြည့်ရတာ တဇွတ်ထိုး မယ့်ပုံပဲ၊ ပြီးတော့အူကြောင်ကြောင်နဲ့ ပြဇာတ်သာကနေတာ ပြဇာတ် ဖြစ်တည်လာပုံရော သိရဲ့လား ”

“ မသိပါဘူးဗျာ ၊ကျွန်တော်က ငယ်ငယ်လေးတည်းကဆရာကြီး က ခေါ်ပြီး သင်ပေးထားတာပါ ၊ ဝါသနာကတော့ အရမ်းကြီးမပါလောက်ပါဘူး ”

“ မင်းလိုလူမျိုးရှိနေလို့ ငါတို့မြန်မာပြဇာတ်တွေကမတိုးတက်တော့ဘဲ ဖြစ်နေတာ ”

နှိပ်ကွပ်ခံလိုက်ရပြန်ပြီ။ ဒီလူကဟောက်လိုက် မိုးနှောင်းယာ က ဆူလိုက်နဲ့ ဟုတ်နေတာပဲ။ မဟုတ်မှ လွဲရော မိုးနှောင်းယာနဲ့များ အမျိုးတော်လာဆိုပြီးတောင် နောင်အိမ်တည် တွေးမိလိုက်သည်။

“ မင်း ကိုပြောပြမယ် ၊ သေချာနားထောင် ၊လူဆိုတာ ကိုယ်ဖြစ်တည် နေရတဲ့ အဓိပ္ပာယ် ၊ကိုယ်လုပ်နေရတဲ့ အသက်မွေးဝမ်းကြောင်း ရဲ့ ရည်ရွယ်ချက်တွေကို သိထားရတယ် ၊ မင်းက မျက်ကန်းတစ္ဆေ လမ်းလျှောက်နေသလိုပဲ ၊ ဘာကို မှ မသိ ၊နားမလည်ဘူး ”

လူလည်း သူပြောမှပဲ ရစရာကိုမရှိတော့ဘူး။ တကယ်ပဲ လမ်းပျောက်နေတဲ့ သိုးငယ်လေး ဖြစ်နေတဲ့နောင်အိမ်တည်လေးပါလား။

“ အာ့..အာ့လိုတော့ မပြောပါနဲ့ဗျာ ။ ကျွန်တော်ကငယ်သေးလို့ပါ ”

“ ဘာကို ငယ်သေးတာလဲ။ တယ် ! ငါပြောလိုက်ရ မကောင်းရှိတော့မယ် ” 

ထိုစကားက နောင်အိမ်တည် ကိုတည့်တည့်ကြည့်ပြီးပြောလိုက်သောကြောင့် နောင်အိမ်တည်ခမျာ ဝတ်ထားတဲ့ ပုဆိုးလေးကို ဆွဲဖုံးလိုက်ရသည်။

“ ဟေ့ ၊တလွဲ လျှောက်တွေးမနေနဲ့ ငါပြောတာ မင်းရဲ့ ခန္ဓာကိုယ်အရပ်အမောင်းကိုပြောတာ "

“ ကျွန်တော်လည်းသိပါတယ်ဗျ ၊ ကိုယ့်ဘာသာ အေးလို့ ပုဆိုးစ လုံအောင်ကိုင်လိုက်တာပါ ”

တစ်ယောက်နှင့်တစ်ယောက်အပြန်လှန်ရှက်သွားကြသည်။ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ နဂ္ဂမိုးဘက်မှ စတင်၍ စကားစလာလေသည်။

“ ပြဇာတ် ရဲ့ အစဖြစ်တည်လာပုံကိုမင်းသိချင်လား နောင်အိမ်တည် ”

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now