အပိုင်း(၁၁)

Start from the beginning
                                    

“ ဒီနာမည်ကို တော်တော်လေးသိသလိုပဲ..ကြားဖူးနေတယ် ဆရာကြီး ”

“ ဟုတ်သလား..ဘယ်မှာကြားဖူးလို့လဲ မောင်မိုးနှောင်းယာရဲ့ ”

“ ဪ..သိပြီဗျ ..ဟိုတလောကမှ ကျွန်တော်နဲ့ ဆုံခဲ့တဲ့ ချာတိတ်ပဲ ”

တကယ်ပင် မှတ်မိသွားသောမိုးနှောင်းယာပင်။ရွယ်တူကိုတောင် ချာတိတ်လို့သတ်မှတ်လိုက်သေးသည်။

“ တွေ့ဖူးတယ်လား...”

ဒီတစ်ခါအမေးက တခေတ်မင်းထံမှပင်။

“ ဒါဆို..ဆရာကြီး သူ့ကိုပဲ ရွေးပေးပါဗျ ..သူ့ကို ဒဿဂီရိ ဇာတ်ကောင် ပေးချင်တယ် ”

“ ဒဿဂီရိ ဇာတ်ကောင်ဆို သူနဲ့အသင့်တော်ဆုံးပဲ ..သူ ယူနေကျ ဇာတ်ကောင်းပေါ့ ”

ဒီတစ်ချိန်တွင်လည်း ဆရာကြီးသည်မိုးနှောင်းယာ၏ ပြောဆိုချက်ကို မပယ်ချပေး။ထောက်ခံပေးသည်။

“ ဒီလိုဆို ..သူ့ကိုပဲ လုပ်ခိုင်းလိုက်ပါနော် ဆရာကြီး ...သူ့ကို တွေ့လို့ရမလား ”

“ ရတယ်လေ ..မောင်မိုးနှောင်းယာ ရဲ့ ..မနက်ဖြန်တောင် သူဆရာကြီးဆီကို လာစရာရှိတယ်..သူလည်း ဒီတစ်လော အလုပ်မရှိလို့ ထိုင်နေရတာ ခုတော့ အဆင်ပြေသွားပြီပေါ့ ကွယ် ...”

မနက်ဖြန် တွင် နောင်အိမ်တည်နဲ့တွေ့ဖို့ရာဖြစ်လာသည်။ မိုးနှောင်းယာတို့သည် ဆရာကြီးအားနှုတ်ဆက်ခဲ့ပြီးပြန်လာခဲ့လေသည်။

အပြန်လမ်းတွင် တခေတ်မင်းသည် မျက်နှာအနေအထား က ရေခဲတုံးပမာဖြစ်သွားလေသည်။
သတိထားမိနေသော မိုးနှောင်းယာက စကားစလေသည်။

“ ကိုကိုတခေတ် ..ဘာကိုများစိတ်ကွက်နေသလဲ..ပြောပါဦးဗျ ...”

အကြည့်စူးစူးတစ်ချက်သာရလိုက်လေသည်။တုံ့ပြန်စကားကိုပြန်မရပေ။

“ ဟော..ဗျာ ..ဘာလို့တုန်းဗျ .. နှောင်းယာမေးနေတယ်လေ ...ဘာဖြစ်လို့လဲဗျ..မျက်နှာကြီးက ဒီလောက်ကြီး အေးစက်သွားရတာ ”

တကယ်ကိုတခေတ်မင်းထံမှ စကားကိုပြန်မရတော့ပေ။ ယခုမှပင် ကြားနေ‌ရသော ကောလဟာလများက အမှန်ပင်ဖြစ်နေလေသည်။ရေခဲတုံးဆရာဝန် တခေတ်မင်း ပင် ဆိုတော့ ‌အခေါ်အဝေါ်ပင်။

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now