Zawgyi အပိုင်း(၆)

Start from the beginning
                                    

“ ဒီလိုသဘောမျိုးပြောရတာမဟုတ်ပါဘူး။ဒါမှလည်း လူတွေက ပိုသတိထားမိမှာမဟုတ်လား။
ကျုပ်ကတော့ ရာမယန ဇာတ်ကို ကြည့်ရင်းဒဿဂီရိကိုပဲ ကြည့်တယ်။သူ့ကြောင့်ပဲ ဒီဇာတ်က ဖြစ်လာရတာလေ ။ဟုတ်သလား”

စကားကို နိမ့်လိုက်မြင့်လိုက် ပြောနေသောထိုလူငယ်အားကြည့်၍ တကယ်ပင် စိတ်တိုလာရသည်။

“ ခင်ဗျားပြောတာလည်းမှန်တယ် ။ကျုပ်သွားပြီ။
ပြဇာတ်ခန်းဝင်ရတော့မှာမို့ ”

စကားစဖြတ်ပြီး ထွက်သွား နေသော ထိုလူငယ်အား ကြည့်နေရာမှ တစ်စုံတစ်ခုကိုမေးရန်သတိရလေသည်။

“ ဒီမှာ ခုနတုန်းက လူ ၊ နာမည်လေးသိပါရစေ”

“ ကျုပ်နာမည် နောင်အိမ်တည် ”

နာမည်ကအထူးအဆန်းပင်။ ပို၍ ထူးဆန်းတာက သူ့ပုံစံပင်။ နူးညံ့ရိုးကျိုးမလိုနှင့် ခက်ထန်သောသူ့အမူအရာ။တစ်နည်းပြောရသော် မဟုတ်မခံစိတ်ရှိတဲ့သူ။

မိုးနှောင်းယာသည် Toilet ထဲမှ ပြန်ထွက်လာသောအခါ စားပွဲ၌ ကျောက်ရုပ်ပမာ ထိုင်နေ‌သောဒေါက်တာတခေတ်မင်းအားတွေ့လိုက်ရသည်။

“ ကိုကိုတခေတ် ၊ ထိုင်နေတာကဖြင့်ကျောက်ရုပ်ကြီးလိုပဲ ”

“ ဪ ပြီးပြီလား။ နှောင်းယာ။ဒါဖြင့်ရင် သွားကြစို့လေ ။ပြဇာတ်တောင် စနေလောက်ပြီ ”

‌မိုးနှောင်းယာ အားတစ်ချက်ကြည့်လိုက်၍ ပြဇာတ်ရုံသို့သွားရန် ပြင်လိုက်လေသည်။
ဝဇီရာ ပြဇာတ်ရုံသည် မိုးနှောင်းယာ တို့ထိုင်နေသော ကော်ဖီဆိုင်၏ မျက်နှာချင်းဆိုင် တွင် ဖြစ်သည်။

လတ်မှတ်အား ပေးပြီးပြဇာတ်ရုံထဲသို့ဝင်ကာထိုင်လိုက်လေသည်။
မကြာမီ ရာမယနပြဇာတ်က စလေတော့သည်။
တကယ်ပင် ဒဿဂီရိ ဇာတ်ကို ပိုင်နိုင်စွာကပြနေသော နောင်အိမ်တည် အားကြည့်၍ ရာမထက်ပိုသဘောကျနေလေသည်။

တကယ်ဆို လောကကြီးက တရားကျစရာကောင်းသည်။
မကောင်းတဲ့သူ တွေက ဘာကြောင့် မကောင်းဖြစ်ရတာလဲ ဆိုတဲ့ အယူခံ ကိုမမြင်ဘဲ ။အပြစ်ကိုသာစောစီးစွာတင်ကြသည်။
ကောင်းဆဲ့သူတွေကို သေချာစေ့စပ်ကြည့်သလို။
လူဆိုးတွေကိုလည်း သေချာသတိထားပြီးကြည့်ပေးပါက သူတို့ရဲ့ အတွင်းစိတ်အမှန်မြင်လာရပေမည်။

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now