မိုးနှောင်းယာ သည် toilet ထဲသို့ သုတ်တီးသုတ်ပြာဖြင့် ဝင်သွားလေတော့သည်။

" အရေးထဲကွာ၊ငါ့နှယ် ဒီမနက်မှ အပေါ့သွားပြီးထွက်မလာခဲ့ဘူး ၊ခုမှ အပေါ့သွားချင်လာရတယ်
အပြင်ထွက်ရင် အပေါ့ သွားချင်တဲ့ ဒီစိတ်ကို ဘယ်လို ထိန်းရမလဲ ငါနော် "

မိုးနှောင်းယာသည် အံ့တကြိတ်ကြိတ်ဖြင့် မိမိကိုယ်ကို မကျေမနပ်ဖြစ်ကာ toilet ထဲသို့ဝင်လာလေသည်။

" ဟေ့ မင်း အာ့မှာ ရပ်လိုက်နော် ၊ရှေ့ဆက် မလာနဲ့ "

ရုတ်တရက် toilet ထဲမှ အသံကြောင့် မိုးနှောင်းယာသည် လန့် သွားလေသည်။ရှေ့ပဲဆက်တိုးရမလို့၊ပြန်ပဲလှည့် ထွက်ရမလိုကြောင်ကြည့်နေလေသည်။

" မင်းလို ဘာမဟုတ်တဲ့ အသားဝါလူမျိုးက ငါလိုမျိုးနွယ်စုပေါင်းမြောက်မြားစွာကို အုပ်ချုပ်ရတဲ့ဘုရင် နဲ့ယှဉ်ချင်တာလား "

အသားဝါလူမျိုး ဆိုလို့ မိမိကိုယ်ကို ပြန်ငုံ့ကြည့်မိသည်။ ဟုတ်သားပဲ ။ မိုးနှောင်းယာရဲ့အသားရောင်က ဝါဝင်းနေတာကို ။မဟုတ်မှလွဲ၍ ဒီလူသူ့အား စောင်းပြောနေတာလားပင်။

" ဟေ့လူ၊ ခင်ဗျား ၊ကျွန်တော့်ကို ပြောနေတာလားဗျ "

မိုးနှောင်းယာသည် ရုတ်တရက် အထဲသို့ဝင်ကာ အသံပိုင်ရှင်အား အော်လိုက်လေသည်။
မိမိအား တစ်စုံတစ်ယောက်က စိတ်ဆိုး မာန်ဆိုးဖြင့် အော်လိုက်သောကြောင့် နောင် တစ်ယောက် လှည့် ကြည့် မိလေသည်။

" ကျွန်တော့်ကို အော်လိုက်တာလားဗျ "

အူကြောင်ကြောင် ငနဲအား စိတ်မရှည်သည့်ပုံစံဖြင့် မိုးနှောင်းယာ ကြည့်လိုက်လေသည်။

" ဒီထဲမှာ ခင်ဗျားနဲ့ ကျွန်တော် နှစ်ယောက် ထဲ ရှိတာလေ ၊ ခင်ဗျားကို မအော်လို့ ဘယ်သူ့ကို အော်ရမှာလဲ ဗျ ၊ တကတည်းဗျာ လူကို လဲ စောင်းပြောသေးတယ် ၊မသိချင်ယောင် ဆောင်ပြီးလဲ ပြန်မေးနေသေးတယ် ခင်ဗျား ဘယ်လိုလူလဲဗျ "

နောင် သည် မိမိနှင့် ရွယ်တူ ကောင်လေးတစ်ယောက်က မိမိအား အော်ဟစ်ရန်တွေ့နေပုံကိုကြည့်ကာ စိတ်ထဲက ရယ်ချင်လာရသည်။

" ကျွန်တော်က ၊ခင်ဗျားကို ‌စောင်းပြောတယ် ဟုတ်လား ၊ဘယ်တုန်း ကလဲဗျာ "

" ခင်ဗျား ခုမှ မသိချင်ယောင် လာဆောင်နေတယ် ၊ခုန က အသားဝါလူမျိုး ငါလိုဘုရင် ကို မင်းက ယှဉ်ရဲတာလားဆိုတာကရော၊ ခင်ဗျားကိုယ်ခင်ဗျား ဘုရင် ဆိုတော့ ၊ပြောဘယ်တိုင်းပြည်ကလဲ "

ဒီစွာကျယ်လေးတော့ သူဇာတ်ညွှန်းလေ့ကျင့်နေတာကို ကြားပြီး ပြောနေပုံရသည်။ ခုမှ သေချာကြည့်မိသည်။ ဒီစွာကျယ်လေးအသားရည်က ဝါဝင်းနေတာပင်။ အာ့တာကြောင့် ထန်းသီးကြွေခိုက်ကျီးနင်းခိုက် ဖြစ်သွားတာပင်။

တစ်ရက်ခြားတစ်ခါပုံမှန်ပြန်အပ် ပါမယ် နော်
Ongoing လေးလိုက်ပေးကြပါနော်🥹
ဒီ့ထက်မက ရင်ခုန်စရာတွေ လာတော့မှာပါ

မိုးနှောင်းတစ်ရာ (Ongoing)Место, где живут истории. Откройте их для себя