Unicode အခန်း(၅)

Start from the beginning
                                    

" ဟုတ်တယ် ကိုကိုတခေတ်၊ လူတွေအားလုံးက ရာမသာလျှင် အကောင်း‌ဆုံး အသည်းနှလုံးပိုင်ရှင် ၊ ရာမသာလျှင် အချစ်မေတ္တာပိုင်ရှင်ဆိုပြီး
ရာမ ဘက်ကနေပဲ ပြောနေကြတာ တွေ ကြီးပဲလေ ၊ ဒဿဂီရိ ဟာ တကယ်တော့ ဗီလိန်ဆိုတာထက် ရာမနဲ့ သီတာတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပိုပြီးလေးနက်အောင် လုပ်ပေးလိုက်တဲ့သူဆိုတာ မမြင်ကြဘူး ၊မသိကြဘူးလေ "

" နှောင်းယာ ပြောတော့မှ ကိုယ်လဲ သေချာပြန်စဉ်းစားကြည့်မိတယ် ၊ ဒဿဂီရိဟာ တကယ်တော့ အပယ်ခံသက်သက်လိုကို ဖြစ်နေတာနော်"

" အာ့တာပြောတာပေါ့ ၊ လူတွေဟာ မကောင်းမှု့လုပ်လိုက်တာကိုပဲ မြင်ကြတယ် ၊ မကောင်းမှု့ကို ဘာလို့ လုပ်လိုက်တာလဲ ဆိုတာ မသိကြဘူး၊သိလဲမသိချင်ကြဘူး၊ သိဖို့လဲ မကြိုးစားကြဘူးလေ"

မိုးနှောင်းယာက ထိုစကားကို ဤမျှသာပြောပြီးကားပြတင်းပေါက်သို့လှည့်ကာသွားတော့သည်။
တခေတ်မင်းလည်း ဆက်မမေးလိုတော့၍ ကားကိုသာတိတ်ဆိတ်စွာမောင်းလာခဲ့တော့သည်။

မကြာမီ ‌မြို့ထဲရှိ ပြဇာတ်ရုံသို့ရောက်လာလေသည်။ တခေတ်မင်း သည် ပြဇာတ်ကြည့်ရန်အတွက် လက်မှတ် နှစ်စောင်ကိုဖြတ်ကာ အချိန်မကျသေးသောကြောင့် တစ်ခုခုစားရန် မိုးနှောင်းယာ အား Bakery ဆိုင်သို့ခေါ်လာခဲ့သည်။

" နှောင်းယာ ၊ပြဇာတ်စမယ့် အချိန်က နာရီဝက်လောက် လိုသေးတာ ဆိုတော့ တစ်ခုခုစားကြရအောင်၊ ဘာစားမလဲ နှောင်းယာ "

" နှောင်းယာ ၊ ကော်ဖီအေး တစ်ခွက်နဲ့
ဒူးရင်းpillow ပဲ စားပါမယ် "

" ကိုယ်လဲ အာ့တာပဲ စားတော့မယ် "

တခေတ်မင်းသည် waiter ကောင်လေးအားမှာလိုက်ပြီး မိုးနှောင်းယာအားမေးရန်ပြင်နေလေသည်။

" နှောင်းယာ ၊ဟိုလေ..."

" ဪ..ခဏ ၊ကိုကိုတခေတ် ၊နှောင်းယာ Toilet ဝင်ချင်လာလို့ ပါ ၊အရေးမကြီးရင် ပြန်လာမှ ပြောနော် "

" ဪ ၊အင်းပါ ၊သွားလေ နှောင်းယာ ရဲ့၊အရေးမကြီးပါဘူး "

" အာ့တာဆို နှောင်းယာ Toilet ဝင်လိုက်ဦးမယ်နော် "

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now