Episode 32 (Zawgyi)

657 33 0
                                    

"ခန့်..ရိုက်တော့မလား.."

ဆေးရုံအခန်းပြတင်းပေါက်မှန်မှ အဝေးသို့ ငေးကြည့် နေသော ခန့်ကို ကျွန်တော် စကားစပြောလိုက်သည်..။

ဒီနေ့က ခန့်ကို ရိုက်ပေးတဲ့မှတ်တမ်းဗီဒီယိုရဲ့ နောက် ဆုံးရက်ဖြစ်သည်..။ အာ့လုံးက ချောချောမွေ့မွေ့နဲ့ ပြီး လာခဲ့တာဆိုတော့ အနည်းငယ်တော့ စိတ်သက်သာရာ ရသည်..။

ကျွန်တော့်စကားကြားတော့ ခန့်က ကျွန်တော့်ဘက်သို့ လှည့်ကြည့်လာကာ-

"အင်း..ရိုက်ကြတာပေါ့.."

ခန့်က ဆေးရုံကုတင်ခေါင်းရင်းနံရံကို ကျောမှီထား ရင်း ပြောလေသည်..။

"ခန့်ထိုင်ခုံနဲ့ မထိုင်နိုင်ရင် ကုတင်ပေါ်မှာပဲ ရိုက်လို့ရ တယ်နော်.."

"အဲ့လိုရလား.."

"ရပါတယ်.."

"အင်း..အဲဒါဆိုလည်း ငါကုတင်ပေါ်မှာပဲ ထိုင်ရိုက် လိုက်မယ်လေ.."

"အင်းပါ.."

ဒီရက်ပိုင်း ခန့်ရဲ့မျက်လုံးအောက်ဘက်က အမြဲလိုလို နီရဲနေသည်..။ ကျွန်တော့်စိတ်ထဲ ခန့်ညဘက်တွေ မအိပ်ဘဲ ငိုနေတာများလားလို့ စိတ်ပူမိသည်..။

ကျွန်တော် ကင်မရာfocusကို ခန့်မျက်နှာတစ်ဝိုက် ဆီသို့ ချိန်ရွယ်လိုက်ပြီး-

"ခန့်..ခန့်ညဘက်တွေ အိပ်ပျော်ရဲ့လား.."

အခန်းထဲ၌ အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်နေသဖြင့် ကျွန်တော်ကပဲ စကားစလိုက် ကာ မေးတော့ ခန့်က ခေါင်းကိုသာ အနည်းငယ် ခါပြ လာပြီး-

"ငါ ဒီရက်ပိုင်း အိပ်လို့မပျော်ဘူး ..တဖြည်းဖြည်းနဲ့ ကြောက်လာမိတယ်..မနက်ဖြန်ဆိုတာ..ငါ့အတွက် မသေချာတော့ဘူးထင်တယ်..အဲ့ဒီအကြောင်းတွေ တွေးမိရင်း ငါကြောက်လာမိတယ် ခရာ.. အိပ်လို့လည်း မပျော်တော့ဘူး.."

ခပ်ဖြည်းဖြည်းလေး ပြောရင်းနှင့် ခန့်ပါးပြင်ပေါ်၌ မျက်ရည်စတို့က တွဲခိုလာလေပြန်သည်..။

"ကိုယ်လည်း အဲ့ခံစားချက်ကို နားလည်ပါတယ်.. ကိုယ်လည်း အိပ်မက်ဆိုးတွေ မက်ပြီး လန့်နိုးလာ တိုင်း ပြန်အိပ်လို့မရဘဲ ညလုံးပေါက်ထိ ဖြစ်နေတတ် တယ်..ဒါပေမဲ့..ဖြေရှင်းဖို့အတွက် နည်းလမ်းတော့ ကိုယ့်မှာ မရှိသေးဘူး.."

The Reason Why I Break You Up [Completed]Where stories live. Discover now