Episode 1 (Unicode)

20.5K 646 53
                                    

လွန်ခဲ့သော ၃ လကျော်ခန့်က..

"မောင်.."

"ဟင်.."

Coffee bar တစ်ခု၏ ခုံတန်းမြင့်တစ်ခုပေါ်တွင် ထိုင်ကာ မျက်စိရှေ့တွင် ကာထားသော Coffee bar မှန်ဆီသို့ ရိုက်ခတ်နေသော မိုးစက်မိုးပေါက်များကို တွေ ဝေစွာ ကြည့်လျက် ဘေးနားတွင် ထိုင်နေသော မောင့်ကို ကျွန်တော်ခပ်ဖွဖွ ခေါ်လိုက်သည်..။ မောင်ကလည်း တစ်ဖန်ပြန်ထူးလေသည်..။

"အကယ်၍..ငါတို့လမ်းခွဲခဲ့ရင်..မင်းဘယ်လိုလုပ်မလဲ.."

"လမ်းခွဲခဲ့ရင်..အင်း..မဖြစ်နိုင်လောက်ဘူးနဲ့တူတယ်.."

"ဘာလို့မဖြစ်နိုင်ရမှာလဲ.."

ခန့်ရှင်းသူ တစ်ယောက် မျက်ခုံးကို ကျုံ့ကာ မောင့်ဘက် သို့ လှည့်ကြည့်လိုက်ပြီး မေးလိုက်တော့ မောင်က Coffeeကို တစ်ငုံမျှ သောက်လိုက်ပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ကာ-

"ဘာလို့လဲဆိုတော့..ကိုယ့်ဘက်က လမ်းခွဲဖို့ အစီအစဥ် မရှိဘူးလေ.."

ထိုစကားကိုပြောချိန်၌ မောင့်ရဲ့မျက်လုံးတို့က တောက်ပ လွန်းလှသည်..။ ထို့အတူ မောင့်ရဲ့စကားတွေကလည်း လေးနက်လွန်းလှသည်..။

"ဒါဆို..ငါက စပြီးလမ်းခွဲမယ်ဆိုရင်ရော.."

ခန့်ရှင်းသူသည် မောင့်ကို စိုက်ကြည့်ကာ နိမိတ်မကောင်း လှသော ထိုစကားကို ဦးစွာ ပြောထွက်ခဲ့သည်..။ ထိုစ ကားကို ကြားတော့ မောင်လည်း တော်တော်လေး လန့် သွားခဲ့ဟန်တူသည်..။

မောင်သည် ကျွန်တော့်ဘက်သို့ လှည့်ကြည့်ကာ-

"အဲ့လိုမျိုးသာ လမ်းခွဲဖြစ်ခဲ့မယ်ဆိုရင်..ကိုယ်မင်းကို နောက်ထပ် ထပ်မတွေ့တော့ဘူး..ဘယ်တော့မှဘဲ..ဒါပေ မဲ့ နေပါဦး..ဘာလို့ ခန့်က ဒီစကားကို ဒီမှာပြောနေရ တာလဲ..ဒီနေ့က ကိုယ်တို့ရဲ့၆နှစ်ပြည့်anniversary နော်..ဒီလိုမျိုးစကားကို မမေးသင့်ဘူးထင်တယ်.."

မောင့်မျက်လုံး၌ မျက်ရည်များ လဲ့လာသည်ကို ကျွန် တော်မြင်လိုက်ရသည်..။ သို့သော် ခန့်ရှင်းသူကတော့ မောင့်စကားကြားတော့ ခပ်ရေးရေးလေး ပြုံးလိုက် သည်..။ ထို့နောက် ညာဘက်လက်သန်းကြွယ်တွင် စွပ်ထားသော စုံတွဲလက်စွပ်ကို ချွတ်လိုက် ကာ ခုံပေါ်သို့ တင်ပေးလိုက်ပြီး မောင့်ဘက်သို့ တိုးပေးလိုက်သည်..။

The Reason Why I Break You Up [Completed]Where stories live. Discover now