Episode 27 (Zawgyi)

431 39 0
                                    

မသျှင်မိုးတစ်ယောက် ရုံးခန်းထဲ၌ အလုပ်များနေပြီး အပြင်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းနေသော ကြောင့် အခန်းairconကို အနည်းငယ် လျှော့ထား ရသည်..။

~Ring Ring~

နောက်ထပ်တစ်ဖန် မြည်လာသော ဖုန်းသံကြောင့် ဖုန်း ခွက်ကို ကောက်ကိုင်လိုက်သည်..။

"ဟယ်လို..Musical heart companyက ပါ.."

"ဟုတ်ကဲ့..ကောင့်တာကပါ အစ်မ.."

"ဪ..အင်း..ဘာလဲ..ဟိုတစ်ယောက်က မပြန်သေး ဘူးလား.."

"မဟုတ်ပါဘူး..အခုက သူ ကုမ္ပဏီအရှေ့ မိုးရည်ထဲ မှာ..ကြာနေပြီ.."

"ဘာ.."

ကျွန်မ ဖုန်းလက်ကိုင်ကို စားပွဲပေါ်၌ ချလိုက်ကာ လိုက်ကာကို ဆွဲဖယ်လိုက်ပြီး တိုက်အောက်ကို ငုံ့ ကြည့်လိုက်တော့ မိုးသည်းထဲတွင် ရပ်နေသော အက္ခ ရာမောင်..။

ကျစ်..

ကျွန်မ စိတ်ပျက်စွာနဲ့ စုတ်တစ်ချက်သပ်လိုက်ပြီး ဖုန်း လက်ကိုင်ကို ပြန်ကိုင်လိုက်ကာ-

"သူ့ကို အပေါ်သာ လွှတ်လိုက်တော့.."

ကျွန်မ ပြောပြီးတာနဲ့ ဖုန်းလက်ကိုင်ကို ဖုန်းခွက်ထဲသို့ ထည့်လိုက်ပြီး သက်ပြင်းတစ်ချက်ကို လေးကန်စွာ ချလိုက်သည်..။

"တော်တော်ခေါင်းမာတဲ့ ကောင်လေးပဲ.."

ကျွန်မ စိတ်ပျက်ပျက်နှင့် ထိုင်ခုံ၌ ပြန်ထိုင်လိုက်ပြီး ထိုကောင်လေးကိုသာ စောင့်နေလိုက်သည်..။

ခနကြာတော့ အက္ခရာမောင်တစ်ယောက် အခန်းထဲသို့ ဝင်လာလေတော့သည်..။

"ထိုင်ပါ.."

ကျွန်မ ဧည့်သည်တွေကို ဧည့်ခံသည့် ဆိုဖာတွေဘက် သို့ လက်ညှိုးထိုးပြလိုက်ပြီး ထိုင်ခိုင်းလိုက်သည်..။

"လာရင်းကိစ္စက.."

"ကျွန်တော့်ကို..ကျွန်တော့်ကို ခန့်ရှိတဲ့နေရာလေး ပြောပြပါလားဗျာ..တောင်းဆိုပါတယ်.."

ကျွန်မကို မျက်ရည်တစ်ဝဲဝဲနှင့် တောင်းဆိုလာသည့် သူ့ကို ကျွန်မ စိုက်ကြည့်လိုက်ကာ-

"အစ်မ မင်းကို ဘာပြောထားလဲ..ခန့်ရှင်းသူနဲ့ မပတ် သတ်ပါနဲ့တော့လို့ ပြောထားပြီးပြီလေ.."

The Reason Why I Break You Up [Completed]Where stories live. Discover now