Episode 8 (Zawgyi)

389 48 1
                                    

"ကိုအက္ခရာ..ဆရာ ခေါ်နေတယ်.."

ရုံးရောက်ရောက်ချင်း ရုံးဝန်ထမ်းတစ်ယောက်က ဆရာခေါ်နေသည်ဟု ပြောသောကြောင့် အခန်းထဲ၌ Laptop အိတ်ကို ဝင်ထားလိုက်ပြီး ဆရာ့ရုံးခန်းဆီသို့ လာခဲ့လိုက်ရသည်..။

ဒေါက် ဒေါက်!

"ဆရာ..ကျွန်တော် ရောက်ပါပြီဗျ.."

တံခါးကို ခေါက်လိုက်ပြီး အသံပြုလိုက်တော့ အထဲမှ ဆရာက -

"အေး..ဝင်ခဲ့လိုက်.."

"ဟုတ်ကဲ့.."

ကျွန်တော်လည်း တံခါးကို ဖွင့်လိုက်ကာ အထဲသို့ ဝင် လာတော့ အခန်းထဲ၌ အမျိုးသမီးတစ်ဉီးက ကျောခိုင်း ထိုင်နေသည်..။

"လာ..ထိုင်ဉီး.."

"ဟုတ်ကဲ့.."

ကျွန်တော်က ထိုကျောခိုင်းထားသောအမျိုးသမီး၏ ဘေး၌ ဝင်ထိုင်လိုက်ပြီး သူ့ကို ငဲ့ကြည့်တော့ ကျွန်တော် အံ့သြမိသွားသည်..။

သဝဏ်??

"အက္ခရာ..ဆရာတို့ အလုပ်သစ်တစ်ခု လက်ခံရထား တယ်..ဒီအမျိုးသမီးက သူ့ဘဝအကြောင်းကို documentary ရိုက်ချင်လို့တဲ့..အဲဒါ မင်းပဲ ဉီးစီး ပြီး ရိုက်ပေးလိုက်နော်.."

"ဗျာ.."

"သမီး..ဒါက ဆရာတို့ ကုမ္ပဏီရဲ့ အဓိကရိုက်ကူးရေး သမားလေ..သမီးရိုက်ချင်တဲ့အကြောင်းကို ဒီက မောင် အက္ခရာမောင်နဲ့ ဆွေးနွေးကြည့်လိုက်ပါ.. "

"ဟုတ်ကဲ့ပါရှင့်.."

သဝဏ်က ကျွန်တော့်ကို မသိသောသူစိမ်းတစ်ယောက် လို ဆရာ့ရှေ့မှာ ပြုမူနေပြီး ကျွန်တော် တားချိန်တောင် မရတော့ချေ..။

"အက္ခရာ..မင်းလည်း ဒီကသမီးကို အစစအရာရာ ကူညီ ပေးလိုက်နော်.."

"ဟုတ်ကဲ့ပါ ဆရာ.."

"ကဲ..သမီးတို့နှစ်ယောက် စကားဆက်ပြောနှင့်ကြ.. ဆရာ အပြင်သွားစရာလေးရှိလို့ သွားလိုက်ဉီးမယ်.."

"ဟုတ်ကဲ့ပါ ဆရာ.."

ဆရာလည်း အခန်းထဲမှ ထွက်သွားတော့ နှစ်ယောက် သား စကားမပြောကြဘဲ တိတ်ဆိတ်နေကြသည်..။

ကျွန်တော့်ဘက်ကတော့ ဘာမှပြောဖို့ အစီအစဉ်မရှိချေ ၊ ငြင်းလို့မရသည့်အဆုံးတော့ ရိုက်ပေးရတော့မှာပေါ့..။

The Reason Why I Break You Up [Completed]Where stories live. Discover now