Episode 26 (Unicode)

2.9K 219 101
                                    

10th reason- ခန့်သေရတော့မယ်တဲ့ မောင်..

ဒီနောက်ဆုံးအချက်က..ခန့်မောင့်ကို မပြောပြရက်လို့ တိတ်ဆိတ်နေခဲ့တဲ့ လျှို့ဝှက်ချက်တစ်ခုပါ မောင်..

အခု ဒီအကြောင်းပြချက်ကို ရေးနေတဲ့အချိန်မှာ မောင်လည်း ရှိနေတယ်.. ဒါပေမဲ့ မောင်အိပ်မောကျ နေတာပါ..၊ အိပ်မောကျနေဆို အချိန်ကပဲ ည ၁၂နာရီ ကျော်နေပြီလေ..။ ပြီးတော့ အခု ၁၂နာရီကျော်နေပြီ ဆိုတော့ နောက်နေ့ကူးနေပြီပဲ..၊ ဒါဆို အခုက ခန့်တို့ ရဲ့ ၆နှစ်ပြည့် anniversary နေ့ဖြစ်ပြီပေါ့..။

Happy 6th year anniversary ပါ မောင်..။ မောင်နဲ့ ညနေကျရင် တွေ့ဖို့ ခန့်တို့ first dateလေးက ချိန်းခဲ့တဲ့ ကော်ဖီဆိုင်လေးမှာပဲ ချိန်း ခဲ့တာအတွက်တော့ တောင်းပန်ပါတယ် မောင်..။

ပြီးတော့ ဒီနေ့ ခန့် မောင့်ကို ဒီနေ့လမ်းခွဲမယ်..၊ ဘာလို့ လဲဆိုတော့ ခန့် မောင့်ကို ခန့်ရဲ့နောက်ဆုံးအချိန်ထိ အနားမှာ ရှိမနေစေချင်ဘူး..။ အရင်ထွက်သွားရတဲ့သူ က ခန့်ဆိုရင်တောင်.. မောင့်ကိုတော့ ကျန်ရစ်သူအနေ နဲ့ ရှိမနေစေချင်ဘူး..။

ရှေ့လက ဆရာဝန်ဆီမှာ ဆေးသွားစစ်တော့ ခန့်မှာ သွေးကင်ဆာရှိနေပြီတဲ့..။ ပြီးတော့..အများဆုံးနေရမှ နောက်၆လတဲ့..။ ခန့် ဘယ်လိုလုပ်ရမလဲ မောင်..။ အဆိုးဆုံးကတော့..ခန့်မြတ်နိုးတဲ့ သီချင်းဆိုအလုပ် ကို စွန့်လွှတ်ရတော့မယ်တဲ့ မောင်..။

ဒါကြောင့် အဓိက လမ်းခွဲတဲ့ အကြောင်းပြချက်က တော့..ခန့်ရဲ့နောက်ဆုံးအချိန်မှာ မောင့်ကို ရှိမနေစေ ချင်လို့ပါ..။
________________

လွန်ခဲ့သော ၁ လခန့်က..

"ဒေါက်တာ ဒီစကားကို စိတ်မကောင်းစွာနဲ့ပဲ ပြော လိုက်ပါရစေ.."

"ကျွန်တော်မှာ ဘာဖြစ်နေလို့လဲ ဒေါက်တာ..ဆေးစစ် တာ ဘာများတွေ့လို့လဲ.."

ကျွန်တော် ဒေါက်တာ့စကားကို နားမလည်နိုင်စွာနဲ့ပဲ ပြန်မေးမိသည်..။

"သားမှာ ကင်ဆာမျိုးရိုးရှိလား.."

"ကင်ဆာမျိုးရိုး?? ဘာဖြစ်လို့လဲ ဒေါက်တာ.."

"ဒေါက်တာဆေးစစ်ဖို့အတွက် သွေးဖောက်စစ်ကြည့် တော့ သားရဲ့သွေးမှာ ကင်ဆာဆဲလ်တွေ တွေ့ရ တယ်..အဲဒါနဲ့ ဒေါက်တာ သားကို  Positron emission tomography (PET) scan ရိုက်ဖို့ တွန်းအားပေးပြီး စစ်ဆေးကြည့်တော့ သားရဲ့ အဆုတ်နဲ့ အသည်းတွေမှာ ကင်ဆာဆဲလ်တွေ ပြန့်နေ တယ်.."

The Reason Why I Break You Up [Completed]Where stories live. Discover now