Episode 14 (Unicode)

2.7K 237 62
                                    

၆လခန့်ကြာပြီးနောက်..

ဖြစ်ပြီးသမျှ ကိစ္စတိုင်းကို ကျွန်တော့်ဘက်ကပဲ သင် ပုန်းချေ လိုက်ရပါတယ်..။ မောင်သာ မှန်ပါတယ်..၊ မောင်သာ နိုင်ပါတယ်..။ အရာရာတိုင်း အရှုံးပေးဖို့ကို လည်း ကျွန်တော်ပြင်ဆင်ထားပါတယ်..။

လွန်ခဲ့တဲ့၆လလုံးလုံး ကျွန်တော် မောင်ဖောက်ပြန်နေ တာကို မသိချင်ယောင်ဆောင်ပြီး ရေငုံနှုတ်ပိတ်နေခဲ့ သည်..။ မောင့်ဘက်ကလည်း အဲ့အကြောင်းကို ဝန်ခံ လာခြင်းလည်း မရှိသလို လမ်းခွဲခြင်းလည်း မပြုဘဲ ကျွန်တော်တို့ အေးစက်စွာဖြင့် ၆လလုံးလုံး ဖြတ်သန်း ခဲ့ရသည်..။

မေသဝဏ်လွှာကိုရိုက်ကူးထားတဲ့ မှတ်တမ်းဗီဒီယိုက လည်း အင်တာနက်ပေါ်မှာ ကြည့်ရှုသူများတဲ့ ဗီဒီယို တစ်ပုဒ်ဖြစ်ခဲ့ပြီး မောင်တို့ကုမ္ပဏီကြီးကလည်း စပွန် ဆာကောင်းကောင်း ရခဲ့သည်..။

ပြီးတော့ ကျွန်တော်ကလည်း တက်သစ်စ အဆိုတော် မဟုတ်တော့ဘဲ လက်တလောရေပန်းစားအောင်မြင် နေတဲ့ အဆိုတော်တစ်ဦးဖြစ်နေပြီဖြစ်သည်..။

"မောင်လေး..ညနေကျရင် အင်တာဗျူးတစ်ခုရှိတယ် နော်.. အဲ့အတွက်ပြင်ဆင်ထားလိုက်ဦး.."

"ဟုတ်ကဲ့ မသျှင်.."

ကျွန်တော်နဲ့ မသျှင်မိုးတို့ နေ့လည်စာစားရန်အတွက် ဓာတ် လှေကားဆီသို့ လျှောက်လာခဲ့ကြရင်း မသျှင် က ပြောလေသည်..။

"ဒါနဲ့ ဒီနေ့ အင်တာဗျူးကို သတိထားပြီး အမှားကင်း အောင် ဖြေနော်..အခုချိန်မှာ မောင်လေးက ရေပန်း စားနေတဲ့သူဆိုတော့ ထိုးချမယ့်မေးခွန်းတွေ ​မေးလာ တတ်တယ်..အဲ့တော့ မဖြေချင်ရင်တောင် အကင်းပါး ပါးနဲ့ စကားလမ်းကြောင်းလွှဲလိုက်..ကြားလား.."

"ဟုတ်ကဲ့ပါ..အစ်မရဲ့..စိတ်ချပါ.."

"အင်း.."

ကျွန်တော်တို့ ဓာတ်လှေကားစောင့်နေရင်း စကားပြော နေကြခြင်းဖြစ်ပြီး ခနကြာတော့ ဓာတ်လှေကားက ပွင့်လာလေသည်..။

ကျွန်တော်လည်း ဓာတ်လှေကားထဲ ဝင်မည်အလုပ် အထဲမှာ ရပ်နေသူက အဆိုတော် တေးရသ ပင်..။

"ဟော..မောင်လေးရသ..ဘယ်တုန်း.."

မသျှင်မိုးက အဆိုတော် တေးရသကို တရင်းတနှီးနှင့် နှုတ် ဆက်ကာ အထဲသို့ ဝင်သွားပြီး ကျွန်တော်လည်း အနောက်မှ လိုက်ဝင်လာခဲ့သည်..။

The Reason Why I Break You Up [Completed]Where stories live. Discover now