Episode 13 (Unicode)

2.8K 232 83
                                    

"ဒီမှာ..မောင့်အတွက်.."

မနက်စာ စားသောက်နေချိန်၌ ကျွန်တော်တို့ အတူတူ စားသောက်နေကြစဥ် မောင့်အရှေ့သို့ ကျွန်တော် Handycam လေးတစ်လုံး တိုးပေးလိုက်သည်..။

"ဘာကြီးလဲ.."

"လက်ဆောင်လေ..ဘာမှတော့ မဟုတ်ပါဘူး.. Handycamလေးပါပဲ..မောင် လိုရမယ်ရဖြစ် မယ်ထင်လို့ ခန့်ဝယ်လာတာ.."

"ဟုတ်ပါပြီ..ဒါနဲ့ ဘာအတွက် ဝယ်ပေးတာလဲလို့ မေး တာ.."

ဟင်း..

မောင်က အူကြောင်ကြောင်ဖြင့် မေးလာတော့ ကျွန် တော် ဟင်းခနဲ သက်ပြင်းတစ်ချက် ချမိသည်..။

"မောင် ဒီနေ့ကိုမေ့နေတယ် မဟုတ်လား.."

"ဟမ်..ဘာနေ့မို့လို့လဲ..ကိုယ့်မွေးနေ့က ပြီးသွားပြီ လေ..ခန့်မွေးနေ့ကလည်း ရောက်ဖို့ အများကြီးလို သေးတာပဲကို..ဘာနေ့ရှိသေးလို့လဲ.."

"အဟင်း..မောင် တကယ်မေ့နေတာကိုး.."

"ဘာနေ့မို့လို့လဲ..ကိုယ်တကယ်မသိတာ.."

"အင်းပါ..မသိလည်း ရပါတယ်..ဒီနေ့က မောင်နဲ့ခန့် ရဲ့ 4 year anniversary မောင်.."

ကျွန်တော် ရင်ထဲ စိတ်မကောင်းဖြစ်ရသည်..၊ မောင် ဘာလို့ ဒီနေ့ကိုမှ မေ့နေရတာလဲ..။ ကျွန်တော် ထို စကားကို ပြောရင်း မောင့်ကို မျက်လုံးအဝိုင်းသား စိုက်ကြည့်နေမိခဲ့သည်..။

"အာ..ဟုတ်လား..ကိုယ် ဒီရက်ပိုင်း အလုပ်ရှုပ်နေတာ နဲ့ မမှတ်မိဘူးဖြစ်သွားတယ်.."

မောင်က နဖူးကို ခပ်ဖွဖွကုတ်ကာ ခေါင်းရှောင်သော စကားကို ပြောလေသည်..။

"မောင် မမှတ်မိတာ မဟုတ်ပါဘူး..မှတ်ကို မမှတ် ထားတာ မဟုတ်လား.. မောင် ခန့်နဲ့ပတ်သတ်တာ ဘာများ မှတ်ထားလို့လဲ.. ခန့်မွေးနေ့ကိုရော..မောင် မှတ်မိတာရော ဟုတ်လို့လား..ခန့်မွေးနေ့က မောင့်မွေး နေ့ မတိုင်ခင်ကတည်းက ပြီးသွားတာလေ..မောင် တစ်ယောက်ယောက်နဲ့ အမှတ်မှားနေတာနဲ့တူတယ်.."

ကျွန်တော် ထိုစကားကို ခါးခါးသီးသီးဆိုတော့ မောင် မျက်လုံးတွေက တုန်လှုပ်သွားဟန် လှုပ်ရှားသွား ပြီး-

The Reason Why I Break You Up [Completed]Where stories live. Discover now