Episode 24 (Unicode)

2.9K 228 140
                                    

ကျွန်မ သတိပြန်ရလာတော့ ဆေးရုံပေါ်ရောက်နေတာ ကို သတိထားမိလိုက်သည်..။

ကျွန်မကို ဘယ်သူက ဆေးရုံပို့ပေးတာလဲ..၊ ကျွန်မ နောက်ဆုံးမှတ်မိတဲ့အချိန်က ကားလမ်းမပေါ်ကြီးမှာ ရှိနေခဲ့တာလေ..။

ဝေါ...

ရုတ်တရက် ဆေးရုံအခန်းတံခါးဖွင့်သံကြောင့် ကျွန်မ တံခါးဘက်သို့ လှည့်ကြည့်လိုက်တော့ အခန်းထဲသို့ ဝင်လာသူက ခရာ..။

"ဪ..နင်သတိရလာပြီကိုး.."

"အင်း..ငါ့ကိုဆေးရုံလိုက်ပို့တာ နင်လား.."

"မဟုတ်ပါဘူး.."

ခရာက ကျွန်မကုတင်၏အရှေ့ ခြေရင်းဘက်ခုံတန်း၌သာ ထိုင်လိုက်ပြီး ဖြေလေသည်..။ အခုတော့ သိသိ သာသာကြီးကို ကျွန်မတို့ကြားမှာ စည်းခြားသွားပါပြီ..။

"နင်ကားတိုက်မိတော့ အဲ့ကလူတွေပဲ လိုက်ပို့ပေး လိုက်တာထင်တယ်..ငါတို့က အခုမှ ရောက်တာ.. ဆေးရုံဘက်ကနေ နင့်ဖုန်းရဲ့ ပထမဦးဆုံးခေါ်ထားတဲ့ သူကိုဖုန်းဆက်တော့ ငါ့ဆီရောက်လာတာ..အဲဒါနဲ့ ငါ တို့က လာခဲ့တာ..ဖြစ်ဖြစ်ချင်း ရောက်မလာဖြစ်တာ sorry ဟာ.."

"ရပါတယ်..ဒါနဲ့ ဟိုတစ်ယောက်ရော.."

"မလိုက်လာဘူး..အခြေအနေဘယ်လိုရှိလဲ သိရဖို့ ငါပဲ လာခဲ့တာ.."

"ဪ..ဒါနဲ့ နင်ကရော..ဘာလိုလာတာလဲ..လာစရာ မလိုဘူးထင်တယ်.."

"အင်း..သိပါတယ် လာစရာမလိုဘူးဆိုပေမဲ့ တောင်းဆိုစရာလေးရှိလို့.."

"ထပ်ပြီးတော့ ဘာကိုလဲ.."

"သူက နင်postတင် ထားသလို စနိုက်​ကျော်မဟုတ်ဘူးဆိုတာကိုလည်း ဖြေရှင်းပေးရမယ်.."

"ဘာ!!! ခရာ..စားသောက်ဆိုင်မှာ နင့်အကောင် ငါ့ကို ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ..နင်အမြင်ပဲနော်..ဒါနဲ့ များ..ငါ့ကို ထပ်ပြီးတော့ ဖြေရှင်းခိုင်းနေတာလား.."

"အင်း..နည်းနည်း အရှက်မရှိရာတော့ ကျပေမဲ့..ခန့်လုပ်ခဲ့တာလည်း မမှားဘူးလေ.."

"ဘာ..အက္ခရာမောင်..နင်..နင်ပြောတဲ့ပုံစံက..ငါက စောက်ရှက်မရှိတဲ့ မိန်းမဘဝကို ရောက်နေပြီ..ဒီမှာ ငါ ရှင်းရှင်းပဲ ပြောမယ်..ငါ အဲဒီ့postကို ထပ်ပြီးတော့ မဖြေရှင်းဘူး..ဘယ်တော့မှ..မဖြေရှင်းဘူးဆိုတာ..မြဲ မြဲ မှတ်ထား..နင်ပြန်လို့ရပြီ.."

The Reason Why I Break You Up [Completed]Where stories live. Discover now