Episode 7 (Unicode)

3.1K 242 5
                                    

"တရားခံသည် ပြစ်မှုကျူးလွန်ထားသည်မှာ ထင်ရှားနေ သောကြောင့် ထိုတရားခံကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂၆နှစ် ကျခံစေ.."

ဥပဒေအတည်ပြုတူလေးကို သုံးချက်တီးပြီးနောက် ကျွန်တော့်စိတ်ထဲ ပေါ့ပါးသွားရသည်..။

သား လုပ်နိုင်ခဲ့ပြီ ဖေဖေနဲ့ မေမေ..။

သဝဏ့်အဖေကို ရဲများက ချုပ်ကာ ခေါ်ဆောင်သွားကြ သည်..။ တရားခွင်အတွင်းမှလူများကလည်း တဖြည်း ဖြည်း အုံးအုံးကြွကြွဖြင့် ပြန်ကုန်ကြပြီ..။ သို့သော် ကျွန် တော့်ဘေးတွင် ထိုင်နေသည့် သဝဏ်ကတော့ တုတ် တုတ်ပင် မလှုပ်ချေ..။

"သဝဏ်..ပြန်မယ်လေ.."

သူအာရုံတွေ ထွေပြားနေမှာကိုလည်း နားလည်သည်..။ မိမိအဖေတစ်ယောက်လုံး ထောင်၂၆နှစ် ကျသွားသည် ကိုလည်း မှင်သက်စွာဖြင့် ဒီအတိုင်းသာ ကြည့်နေခဲ့ရ သည်..။

"ခရာ..ငါ တောင်းပန်ပါတယ်.."

"ဘာကိုလဲ.."

"ငါ့ဒယ်ဒီအစားပါ..ငါ ဒီကိစ္စကို ဘာမှမသိဘူးဆိုပေမဲ့ ငါကပဲ ဒယ်ဒီ့အစား တောင်းပန်ပါတယ်.."

ကျွန်တော်လည်း သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက် ပြီး-

"တောင်းပန်နေလည်း ငါ့မိဘတွေက အသက်ပြန်ရှင်လာ မှာမှ မဟုတ်တာ..ထားလိုက်တော့..အခုတော့ ပြန်မယ်.. ထ.."

ခေါင်းကိုသာ ငိုက်စိုက်ချထားသော သဝဏ့်၏ လက်ကို ဆွဲကိုင်ကာ မတ်တပ်ထရပ်စေပြီး-

"ဒီကိစ္စက ဦးလေးနဲ့ပဲဆိုင်တာလေ..နင်နဲ့မှ မဆိုင်တာ.. လိပ်ပြာသန့်သန့်နေစမ်းပါ..သဝဏ်ရာ.."

"ဟင့်အင်း..ငါလိပ်ပြာမသန့်ဘူး..ဒယ်ဒီ့အပြစ်တွေက ငါ့ခေါင်းပေါ် ပုံကျလာသလိုပဲ.."

"နင်နဲ့မဆိုင်ဘူးလို့ ပြောပြီးပြီလေ..သဝဏ်! "

ကျွန်တော် စိတ်မရှည်တော့သည့်အဆုံး ဟောက်ထည့် လိုက်ပြီး သူ့လက်ကို ဆွဲကာ တရားရုံးအပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်..။

သဝဏ့်ကို အိမ်ပြန်လိုက်ပို့တော့ အိမ်ရှေ့၌ ကားတစ် စီးက ထိုးစိုက်ထားပြီးသား ဖြစ်နေသည်..။

The Reason Why I Break You Up [Completed]Where stories live. Discover now