Episode 18 (Unicode)

2.7K 207 35
                                    

ခန့်ရှင်းသူတစ်ယောက် ဆေးရုံကနေ ဆင်းလာခဲ့တာ အခုဆို ၃လကျော်ကြာ ရှိသွားခဲ့ပြီဖြစ်သည်..။ ဒီကာ လအတွင်း မောင့်ရဲ့ပုံစံကလည်း ပြောင်းသွားသလို ရှိပြီး သူ့သူငယ်ချင်းမေသဝဏ်လွှာနဲ့လည်း အဆက် အသွယ် သိပ်မရှိတော့ချေ..။ မောင်ပြောတာကတော့ သူလည်း project အသစ်တစ်ခုရပြီမို့ မအားတော့ ဘူးတဲ့လေ..။

>>>>>>>>

~~Ring Ring~~

ခန့်ရှင်းသူတစ်ယောက် ကုမ္ပဏီရှိရာသို့ ကားဖြင့် လာ နေစဥ် လမ်း၌ ဖုန်းဝင်လာသဖြင့် earphone ကို တပ်လိုက်ကာ ဖုန်းကိုင်လိုက်သည်..။

"ဟယ်လို..ခန့်ရှင်းသူ ပြောနေပါတယ်.."

မည်သူ့ဆီက ဖုန်းမှန်း မသိသော်လည်း အခုလက်ရှိထိ တော့ ဖုန်း၏ အခြားတစ်ဖက်မှ အသံတိတ်နေခဲ့ သည်..။

"ဟယ်လို..ဘယ်သူလဲ မသိဘူး.."

".."

"ဟယ်လို..ဘယ်သူလဲဗျ.."

"အဖေပါ..သား.."

ကျွန်တော် ထိုစကားလည်း ကြားရော တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားပြီး ကားကို ဘ ရိတ်ဆောင့်အုပ်ထည့်လိုက်သည်..။

နှစ်နဲ့ချီကာ အဆက်အသွယ်ဖြတ်ထားခဲ့သည့် သူ၏ မိသားစုဆီမှ ဖုန်းကြောင့် စိတ်နာနေသည့် ခန့်ရှင်းသူ အဖို့ 'ဒေါ်သ´မီးက တငွေ့ငွေ့ဖြစ်လာလေပြီ..။

"ဘာကိစ္စရှိလို့လဲ.."

ဒေါသကြောင့်ချုပ်ထိန်းဖို့ ခဲယဥ်းနေသော စိတ်တို့ကို မလွတ်ထွက်သွားအောင် အံကိုတင်းကြိတ်စွာ ကြိတ် ထားပြီး မေးလိုက်သည်..။

"မင်းအမေဆုံးပြီ.."

ဘယ်လို..၊ အမေ..အမေဆုံးသွားပြီပေါ့လေ..။

ရင်ဘတ်ထဲမှ တစ်စုံတစ်ရာ ဆွဲဆုပ်ခံလိုက်ရသလို ပင် စူးအောင့်သွားရပြီး အသက်ရှူကျပ်လာသလိုပင် ခံစားလာရသည်..။

"အဲဒါ..မင်းရဲ့ဘာမဟုတ်တဲ့မုန်းတီးစိတ်ကို ဖျောက် ပြီး မင်းအမေရဲ့ နောက်ဆုံးနှုတ်ဆက်ဇာပနကို လာ ခဲ့.."

အဖေ့ရဲ့ ဘာမဟုတ်တဲ့ ဟူသော စကားကို ကြားတော့ ကျွန်တော် ဟက်ခနဲခပ်ဖွဖွရယ်လိုက်ကာ-

The Reason Why I Break You Up [Completed]Where stories live. Discover now