Episode 12 (Unicode)

2.9K 236 93
                                    

ကိုင်ထားသော အမွှေးတိုင် ငါးချောင်းကို မီးညှိလိုက် ကာ တစ်ချက်မှုတ်လိုက်ပြီးနောက် အမွှေးတိုင် ထွန်း သည့်ခွက်ထဲသို့ စိုက်ထည့်လိုက်သည်..။

ခန့်ရှင်းသူတစ်ယောက် မနက်အစောကြီးကတည်းက ထကာ မောင့်မိဘတွေ နှစ်ပတ်လည်အတွက် ထမင်း ဟင်းများကို ထချက်ပြီး မောင်မရှိပေမဲ့ မောင်နှစ်စဥ် လုပ်နေကျအတိုင်း မောင့်မိဘတွေရဲ့ နှစ်ပတ်လည် လေးကိုတော့ သေသေသပ်သပ်လေး ပြုလုပ်ပေးဖြစ် သည်..။

မိဘနှစ်ပါးစလုံးရဲ့ဓာတ်ပုံကို ခုံတစ်ခုပေါ်တင်..၊ ပြီး နောက် ထမင်းနှင့် ဟင်းများကို စားပွဲပေါ်၌ ခင်းကျင်း လိုက်ပြီး ဖယောင်းတိုင် အမွှေးတိုင်ထွန်းလိုက်သည် ။ ပြီးတော့မှ လက်အုပ်ချီရှိခိုးပြီး ဦးချကန်တော့လိုက် သည်..။

"ဦးလေးနဲ့ ဒေါ်ဒေါ်တို့ကို မောင့်အစား ကျွန်တော်ကပဲ တောင်းပန်ပါတယ်..ဒီနေ့ကို မောင် မေ့နေတယ်နဲ့တူပါ တယ်..အခုထိတော့ အိမ်ပြန်မလာသေးဘူး..အဲဒါ ကြောင့်..မောင့်အစား ကျွန်တော်ကပဲ လုပ်ပေးပါ့မယ် နော်.."

ထမင်းဝိုင်း၏အရှေ့၌ ငြိမ်သက်စွာ ထိုင်နေရင်း တစ် ကိုယ်တည်း ရေရွတ်ပြောဆိုလိုက်သည်..။

ဂျက်..

ရုတ်တရပ်ဆိုသလိုပင် အိမ်တံခါးက ပွင့်လာခဲ့ပြီး မောင် ဝင်လာခဲ့သည်..။ မောင်က ကျွန်တော် နိုးမှာစိုး လို့ အသံတိုးတိုးလေးနဲ့ ဝင်လာခဲ့တာနဲ့တူပါတယ်..။

ဝင်ဝင်လာချင်း ဧည့်ခန်းကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့ ကျွန်တော်နဲ့ မျက်လုံးချင်းဆုံမိသွားခဲ့သည်..။

"မောင် ပြန်လာပြီကိုး.."

ကျွန်တော် ခပ်မြန်မြန် မတ်တပ်ထရပ်လိုက်ပြီး အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်ရပ်လိုက် သည်..။

"အင်း..ဒါနဲ့ ဒါတွေက.."

မောင်က နားမလည်နိုင်စွာနှင့် ထမင်းဝိုင်းကို လက် ညှိုးထိုးပြပြီး မေးတော့-

"မောင် မေ့နေတာလား..ဒီနေ့က မောင့်မိဘတွေရဲ့ နှစ် ပတ်လည်နေ့လေ.."

"အာ...ကျစ်..ဟုတ်သားပဲ.."

မောင်က ထမင်းဝိုင်းရှိရာသို့ လျှောက်လာခဲ့လိုက်ပြီး-

The Reason Why I Break You Up [Completed]Where stories live. Discover now