Episode 22 (Unicode)

2.7K 220 69
                                    

ကျွန်တော်နဲ့ မောင်နဲ့ အဲဒီ့နေ့ပြီးကတည်းက တစ် ယောက်ပေါ်တစ်ယောက် နားလည်မှုရှိရှိနဲ့ နေခဲ့ကြ တယ်..။ အရာရာကို အကောင်းဘက်က ဖြည့်တွေး ပေးခဲ့ပြီး ကျွန်တော်တို့ အတူတူ ချင်းပြည်နယ်ဘက် ကိုတောင် ခရီးထွက်ခဲ့ကြသေးတယ်..။

Handycamလေးနဲ့ အမှတ်တရများစွာ ရိုက်ကူး ခဲ့သည်..။ အခုဆိုရင် မောင် သစ္စာထပ်မဖောက်တော့ ဘူးဆိုတာ ယုံကြည်လို့ရနေပါပြီ..။ 5th year anniversary တုန်းကလည်း ကျွန်တော်တို့အတူ တူ ဝတ်ဖို့အတွက် စုံတွဲလက်စွပ်လေးကို မောင် စျေး ကြီးပေးပြီး ဝယ်ခဲ့တယ်..၊ ပြီးတော့ လက်စွပ်ရဲ့အထဲ မှာလည်း မောင်နဲ့ ကျွန်တော့်ရဲ့ နာမည်အတိုလေးတွေ ထွင်းထားသေးတယ်..။ ဘယ်လောက်ကြည်နူးဖို့ ကောင်းလိုက်သလဲ..။

ပြီးတော့ သိပ်မကြာခင်ဆိုရင်လည်း ကျွန်တော်တို့ရဲ့ 6th year anniversaryကိုတောင် ထပ်ပြီး ရောက်တော့မယ်လေ..။ နှစ်ယောက်အတူတူ နေခဲ့ကြ တော့ အချိန်တွေက လျင်လျင်မြန်မြန်ပဲ ကုန်သွားခဲ့ တယ်..။ anniversary နေ့က နောက်တစ်ပတ် ထဲမှာပဲ..၊ ပြီးတော့ ကျွန်တော်လည်း သိပ်မကြာခင် ဆိုရင် ဒုတိယအကြိမ်မြောက် full album ထွက်ဖို့ ပြင်ဆင်နေတယ်လေ..။ အရာရာတိုင်းက အေးအေးဆေးဆေးလေးပဲ ဖြစ်နေခဲ့ပါတယ်..။

6th year anniversary day မရောက် ခင် ၁၀ ရက်အလို..

တစ်ခါတစ်လေလည်း ချစ်မိခဲ့ပါတယ်...

တစ်ခါတစ်လေလည်း မုန်းမိခဲ့ပါတယ်..

တစ်ခါတစ်လေလည်း အတိတ်က အမှတ်တရအ ကြောင်းများ တွေးရင် ပြန်လွမ်းမိပါတယ်..

တစ်ခါတစ်လေလည်း တိတ်ဆိတ်သွားတာပဲ..

တစ်ခါတစ်လေလည်း သူစိမ်းဖြစ်သွားတာပဲ..

ဒါပေမဲ့ ငါ့ရဲ့ နှလုံးသားထဲမှာ တစ်ယောက်တည်း..

မင်းပဲ..

***********

Studio ၌ အသံသွင်းနေဥ် အခန်းထဲသို့ ရေးကြီး သုတ်ပြာ ဝင်လာသော မသျှင်မိုးကို တွေးလိုက်ရသ ဖြင့် ကျွန်တော် သီချင်းသွင်းနေရာမှ ရပ်ပစ်လိုက် သည်..။

မသျှင်မိုးက သီချင်းသွင်းသည့်အလုံခန်းတံခါးကို ဆွဲ ဖွင့်ကာ ဝင်လာပြီး-

The Reason Why I Break You Up [Completed]Where stories live. Discover now